ကယ်တင်ခြင်း 🕯️²⁸

Start from the beginning
                                    

*Wat...မင်းကြောက်နေပြီလား ၊ မောင်မင်းကိုမကာကွယ်ပေးမိတာကို နောင်တရမိပါတယ်ကွာ။ မောင် မနက်ဖြန်ညကျ မင်းကိုအဲ့ငရဲပြည်က‌နေ ခေါ်ထုတ်မှာမို့ မင်းစိတ်မပူပါနဲ့နော်...မင်းစောင့်နေ မောင်မင်းဆီကိုတပည့်တစ်ယောက်လွှတ်လိုက်မယ်။ သူနဲ့လိုက်ခဲ့ ဟုတ်ပြီလား...မောင်စိတ်ချမယ်နော်

မင်းရဲ့မောင်*

"ဟင်..."

မောင်ကကျ‌တော့်ကို ကိုယ်တိုင်လာမကယ်ဘူးတဲ့လေ။ ဘယ်တုန်းကများ ဒိလိုကြောက်တတ်သွားတာလဲ မောင်။

စာကိုဖတ်ရတာ တစ်ခုခုလိုနေသလိုခံစားရလို့ နောက်တစ်ခေါက်ပြန်ဖတ်ကြည့်တော့ ဘာလိုမှန်းမသိ...နောက်တစ်ခါထပ်ဖတ်ကြည့်တော့မှ တွေ့ပါပြီ

မောင်က ကျတော့်ကိုစာရေးရင် နောက်ဆုံးမှာ *Watရဲ့Wit* လို့ရေးတတ်ပေမဲ့ ဒီတခါက ဘာလို့
*မင်းရဲ့မောင်* ဖြစ်နေရတာလဲ။

ကျတော်ပဲ အကဲပိုပြီးတွေးလွန်းနေတာဖြစ်ပါလိမ့်မယ်။ တကယ်တမ်း ဟိုးး အနောက်ထိပြန်တွေးရရင် မောင်က ကျတော့်ကိုတော်တော်ချစ်ရှာတယ်။

သူသေမလိုဖြစ်အောင် အထိ ကျတော့်ကိုချစ်ရှာပါတယ်။ သူကသ၀န်တိုလွန်းပြီး အတ္တကြီးတာကလွဲရင် ကျတော့်ကိုတော့တော်တော်ချစ်ရှာ‌တယ်။

အမှန်တကယ်ဆို ဒီခန္ဓာကိုယ်က သေနှင့်ပြီ။ တကယ်လို့ အဲ့နေ့မှာ ကျတော်ထိုစံအိမ်ထဲကိုမသွားခဲ့ရင်... ကျီးကန်းနဲ့သာမတွေ့ခဲ့ရင်...အလောင်းနားမှာချော်မလဲခဲ့ရင်။ ကျတော်တို့ဝေးရမှာဖြစ်သည်။

______________

"သခင်လေး ..."

"အင်း"

"သခင်လေး Watဆီက စာလာတယ်"

"ဟမ်! ပေးပေး ဘယ်မှာလဲ"

"ဒီမှာပါ သခင်လေး..."

မြနန်းဆီက စာကိုအမြန်ယူပြီး ပြန်လွှတ်လိုက်သည်။

ဖွင့်ဖတ်တော့....

*မောင်...Watကိုလာကယ်ပါ၊ Wat ကိုဒီမှာချုပ်ထားကြတယ် မောင်ရယ်၊ Wat ကြောက်တယ်။ ဒါကြောင့် ဖြစ်နိုင်ရင် မနက်ဖြန်ည လာကယ်ပေးပါ၊ Watစောင့်နေမယ်နော် မောင်၊ Watက ဒီဘက်နန်းဆောင်အပြင်ဘက်က ဒုတိယမြောက်အခန်းထဲမှာ တိုက်ပိတ်ခံထားရတယ် အဲ့ကိုလာခဲ့နော် မောင်

Married To The Death ManWhere stories live. Discover now