အခန်း ၂၆

411 55 1
                                    

မပြည့်စုံသော သူဌေးမလေး:
 

အခန်း ၂၆ ။ [ မင်းက လွဲပြီး ဘယ်သူမှ ငါ့ကို ကုသမပေးနိုင်ဘူး ]

 

အဲ့ည၌ တု ယုံးဝေသည် စကားပြောတာနည်းလေလေ သောက ရောက်စရာလျော့လေလေလို့ပင် တွေးထားခဲ့လိုက်တော့သည် ။ သူမ ကျန်း ရှောင်ယန်ကို ‘ ဂွတ်နိုက် ' ပုံစံလေး ပို့ပြီး ထပ်ရလာနိုင်သည့် သောကဆင်းရဲများကို အဆုံးသတ်ခဲ့၏ ။  

 

နောက်နေ့တွင် စော‌‌စောထ နိုင်ရန် တု ယုံးဝေသည် သူမအတွက် နှိုးစက်ကို သီးသန့် ချိန်ထားခဲ့သည် ။ မမျှော်လင့်ထားမိစွာ ကျင်း ယင်ကျွမ် က နှိုးစက်နာရီ ထက်ပင် တက်ကြွ‌နေ၏ ။ ခုနှစ်နာရီ အချိန်တွင် သူ သူမအခန်းဆီ ပြေးလာ၍ သူမပေါ် ခုန်တက်လိုက်သည် ။

 

“ ..… ” အိပ်ရာပေါ် ထိုင်၍ သူမ ဆံပင်တွေ ဆွဲဖွနေ‌သည့် တု ယုံးဝေ တစ်ယောက် ကျင်း ယင်ကျွမ်ကြောင့် ပွင့်သွားသော တံခါးကို ကြည့်ပြီး အတွေးထဲ နစ်နေတော့၏ ။ တံခါးသော့ကို သူမ အရင်တစ်ပတ်ကမှ အသစ်စက်စက် လဲထားခြင်း ဖြစ်သည် ။ အဲ့ဒီ တံခါးအသစ်ကို ဖွင့်နည်းသင်ရန် တစ်ပတ်သာ ကြာမည်ဟု‌ သူမ မတွေးထားမိခဲ့ရုံသာ !

 

အရင်က တံခါးကို လော့ချကာ အိမ်အပြင်မှာထားဖို့ သူမ ကြိုးစား ကြည့်ခဲ့‌‌သေးသော်လည်း သူက သူမ တံခါးလာမဖွင့်မချင်း အပြင်မှာ တောက်လျှောက် အော်နေခဲ့၏ ။ ကျင်း ယင်ကျွမ် မှာ တု ယုံးဝေကို အိပ်ရာမှ နှိုးဖို့ မကုန်ဆုံးနိုင်‌သော စိတ်အားထက်သန်မှုတို့ အပြည့် ရှိနေသည် ။

 

ထပြီး သွားဖို့ အဆင်သင့် ပြင်ဆင်ရန် စောနေသေး‌သောကြောင့် မျက်နှာ သစ် ခြေလက်ဆေးကြောပြီးသည်နှင့် တု ယုံးဝေ ခွေးနှင့်အတူ ဥယျာဥ်ထဲ လမ်းသွားလျှောက်ခဲ့၏ ။ ပြီးနောက်မှာ ၈နာရီ၌ ထမင်းစားပွဲမှာ ထိုင်၍ မနက်စာ စားရန် ထိုင်နေလိုက်သည် ။ ထို့နောက် တု ယီချိန်းလည်း ဆင်းလာပြီး ကြည့်ရသည်မှာ စိတ်ရွှင်လန်းနေပုံရ၏ ။

 

“ ကော ၊ ညီမလေး လီရုရဲ့ကုမ္ပဏီလိပ်စာကို အစ်ကို့ ဖုန်းထဲ ပို့လိုက်တယ်‌‌ နော် ၊ ခဏနေမှ ကားမောင်းဖို့ လမ်းကြောင်းစစ်လိုက်တော့ ” တု ယုံးဝေသည်  နွားနို့ကို သောက်‌နေစဉ် တု ယီချိန်းကို စကားလှမ်းပြော လိုက်သည် ။

မပြည့်စုံသော သူဌေးမလေးWhere stories live. Discover now