အခန်း ၅ ။

1.3K 241 7
                                    

 Unicode

အခန်း ၅ ။ [ ပြုံးနေသည့် နတ်မိမယ်လေး လေလံပွဲ ]

ပြုံးနေသည့် နတ်မိမယ်လေး လေလံပွဲက တစ်နှစ်လျှင် နှစ်ကြိမ် ကျင်းပသည့် လေလံပွဲ တစ်ခု ဖြစ်သည် ။ ဒီ လေလံပွဲ၏  အဆင့်က မြင့်၏ ။ အခြေခံအားဖြင့်‌တော့ မြို့တော်အေ၏ အဆင့်အတန်း မြင့်သည့် မိသားစု တစ်ချို့သာ ဖိတ်စာ ရကြသည် ။ အချိန်တွေ ကြာလာသည့်အခါ ဒီ ပွဲတွင် ပါဝင်ဆင်နွှဲ နိုင်ခြင်းကပင် အဆင့်အတန်း မြင့်သည့် သင်္ကေတ တစ်ခုလို ဖြစ်လာ၏ ။ ကောင်းမှုတွေ လုပ်ဖို့ရန် ရည်ရွယ်ခြင်းသည်သာ ဒီပွဲရဲ့ အဓိက အခြေခံအချက် ဖြစ်သည် ဆိုတာကတော့ မှန်ပါသည် ။ အကြိမ်တိုင်းမှာ အဖွဲ့အစည်း အသိုင်းအဝိုင်းထဲမှ လူတွေအများကြီး မပါဝင်နိုင် ကြပေမဲ့လည်း ပိုက်ဆံတွေအများကြီးကိုတော့ ရန်ပုံငွေအဖြစ် ရရှိလေ့ရှိသည် ။

တု ယုံးဝေ က သုတေသန ပြုပြီးတဲ့‌နောက် ကျန်း မန်လင်းကို စကား ထောက်လိုက်၏ : “ ဒါက ချမ်းသာတဲ့လူတွေ သူတို့ ပိုက်ဆံရှိတာကို ကြွားကြတဲ့ နည်းတစ်မျိုးပဲ မဟုတ်ဘူးလား ? “

ကျန်း မန်လင်း : “..…”

“ ဘာ‌တွေ ပြောနေတာလဲ ? လေလံပွဲ အတွက် သမီးရဲ့ပစ္စည်း‌ တွေ ပြင်ပြီးပြီလား ? ”   

“ ဟုတ် အသင့်ဖြစ်‌နေပြီ  သယ်လာဖို့လည်း တာဝန်ကျတဲ့ သူကို မှာထားတယ် ပစ္စည်းတွေက အဲ့ဒီကိုတောင် ပို့ပြီးသွားပြီ !”

“‌‌ ကောင်းတယ် … အမေ သမီးအတွက် အဝတ်အစားပြင်‌‌ ပေးထားပြီးပြီ ၊ ခဏနေရင် ဒရိုင်ဘာနဲ့ ဘော်ဒီဂတ်တွေ သမီးနဲ့ လိုက်လာလိမ့်မယ် ၊ ရော့ … ဒီကဒ်ကိုယူ သမီး အဖေပေးလိုက်တာ ၊ ဒီနေ့ညနေ သမီးဝတ်ဖို့ အမေ ရွေးထားတဲ့ ဝတ်စုံကို ဝတ်သွားဖို့မမေ့နဲ့ “

“ ဝတ်မှာပါ ” သူမအမေက အခန်းပြန်ပြီး ဆိုဖာပေါ် လှဲလိုက်တာကို  တု ယုံးဝေ မြင်လိုက်၏ ။

‘  ကောင်းပြီ‌လေ ဝေရွေ များ သူမနဲ့ လိုက်ချင်မလားလို့ သွားမေး လိုက်ဦးမယ် ‘

မပြည့်စုံသော သူဌေးမလေးWhere stories live. Discover now