အခန်း ၂၁ ၊ ၂၂ ။

998 89 13
                                    


 
 
အခန်း ၂၁ ။ [ ကျန်း‌ ရှောင်ယန် ရဲ့ ဆိုဒ် အကြောင်း ]
 
ကျန်း‌ ရှောင်ယန်သည် တု ယုံးဝေကို ကြည့်လိုက်ပြီး သူမကို ရှင်းပြခဲ့၏ ။
“ ငါ့မှာ လင်းချန်နဲ့ အဲ့လိုဆက်ဆံရေးမျိုး မရှိဘူး ၊ သူက ငါ့ သူငယ်ချင်းကောင်းရဲ့  ညီမလေးပဲ ၊ သူ့ကို ကူညီတဲ့အနေနဲ့ သူ့ ညီမကို စောင့်ရှောက်ပေးနေရုံတင် ၊  မြို့ထဲက အိမ်ကတော့ တကယ်ကို လင်းချန် အဲ့ဒီမှာနေနေတာဆိုပေမဲ့ အိမ်ပိုင်ဆိုင်မှုက ငါ့ နာမည်နဲ့ပဲ။ လင်းချန် နာမည်အောက်မှာ မရှိဘူး ”
 
“ ဪ ! ” တု ယုံးဝေသည် သူမ ညာဖက် လက်သီးကို ဆုပ်လိုက်ကာ ဘယ်ဖက် လက်ဖဝါး ကို ထိုးလိုက်ပြီး :  “ … ကျွန်မ သိသားပဲ အဲ့ ကျန်း ရှိန်းကျဲက ပေါက်ကရတွေ ပြောနေတယ် ဆိုတာ ! ”
 
ကျန်း‌ ရှောင်ယန် ပြန် ချေပလိုက်သည် ။
 
“ ပြီးရင် သူ့ စကားတွေကို ယုံနေတာလည်း မင်းပဲ မဟုတ်လား ? ”
 
တု ယုံးဝေ ပြတ်ပြတ်သားသားကို ခေါင်းယမ်း ပြလိုက်ရင်း :
“ ကျွန်မ မယုံခဲ့ပါဘူးနော် ! ”
 
ကျန်း‌ ရှောင်ယန် “ ဟမ် … ” ဟုသာ ရေရွတ်ခဲ့ပြီး သူမကို ပြောလိုက်၏ ။
“ မင်း မေးခွန်းတွေ စဖြေလို့ ရပြီ ”
 
တု ယုံးဝေ : “ … ”
 
တု ယုံးဝေ သူမကိုယ်သူမ သင်ယူလေ့လာသည့်နေရာမှာပဲ နှစ်မြုပ်ထားလိုက်ပေမဲ့ ကျန်း‌ ရှောင်ယန် က တော့ လင်းချန် အကြောင်း စဉ်းစားနေ ဖြစ် သည် ။ လင်းဟွေ့ မဆုံးပါး သွားစဉ်တုန်းက လင်းဟွေ့သည် လင်းချန်ကို အရမ်းအလိုလိုက်ခဲ့၏ ။ ထို့ကြောင့် ကျန်း‌ ရှောင်ယန်က သူမကို အမြဲ သူ့ ညီမလေး တစ်ယောက်လို သဘောထား ခဲ့ခြင်း ဖြစ်သည် ။ သို့သော် အခု လင်းချန်က အရွယ်ရောက် ကြီးပြင်း လာပြီ ဖြစ်သလို သူ့အပေါ် သူမ၏ ခံစားချက်တွေကလည်း မရိုးရှင်း လာတော့သည်ကို ကျန်း ရှောင်ယန် သိထားခဲ့၏ ။
 
အထူးသဖြင့် ဒီ တစ်ခေါက် သူမ တရုတ်ကို ပြန်လာစဉ်က သူမ ခံစားချက်‌တွေက ပိုပြီး သိသာထင်ရှားနေခဲ့သည် ။ ထို့အတွက် သူ သူမကို သူနှင့် ဝေးရာကို တမင်ထားပြီး သူမနှင့် ပြောဆိုဆက်ဆံရာ မှာ သင့်တော်သော အကွာအဝေးတစ်ခု ခြားထားခဲ့ခြင်း ဖြစ်၏ ။  
 
လင်းချန် က အမြဲတမ်း သူ့အတွက် ညီမလေး တစ်ယောက်သာ ဖြစ်နေမည် ဖြစ်သည် ။
 
တု ယုံးဝေ မေးခွန်းစာရွက်ထဲမှ ကျန်ရှိနေသည့် ပုစ္ဆာအားလုံးကို ဖြေပြီးသွားပြီးနောက် ကျန်း‌ ရှောင်ယန်ဆီ သွားစစ်ခိုင်းခဲ့၏ ။  သူမသည် ကျန်း‌ ရှောင်ယန်၏ စားပွဲဆီ လျှောက်သွားကာ စာရွက်ကို ရှေ့သို့ လှမ်းပေးလိုက်သည် ။ သူမ အောက်ကို ငုံ့ကြည့်လိုက်သည့် အချိန်မှာပဲ ကျန်း‌ ရှောင်ယန် လက်ထဲမှာ ရှိနေသည့် စာရွက်စာတမ်းတစ်ခုကို သူမ မြင်လိုက်ရ၏ ။  
 
လော်ယဲ့ အကြောင်း အချက်အလက်များပင် ။ ဒါက သူမ ရှာနေသည့် လူ ဖြစ်သည့်အတွက် တု ယုံးဝေ မျက်လုံးတို့ တောက်သွားခဲ့သည် ။
 
အခုချိန်ထိ သူမသည် ကျောင်းနီ နှင့် လော်ယဲ့၏ ပတ်သက်ဆက်ဆံမှု အကြောင်းကို ဘာအချက်အလက်မှ မရသေးချေ ။ ပုံမှန ဆိုလျှင် ဒီလို အချက်အလက်မျိုး က သတင်းထောက်တစ်ယောက်အတွက် ရရန် အရမ်း လွယ်ကူသော်လည်း ဘာလို့ သူမ ငှားထားသည့် လူက အခုထိ မအောင်မြင်သေးမှန်း သူမ မသိ ! ‘ ဒါက သူမ အတွေ့အကြုံ နုနယ်သည့် မကျွမ်းကျင်တဲ့ လူကို ငှားလိုက်မိလို့ များလား ? ’
 
ကျန်း‌ ရှောင်ယန်သည် သူမ အကြည့်တွေက လော်ယဲ့၏  အထောက်အထား ဖိုင်ပေါ် ၌ ကပ်နေသည်ကို တွေ့လိုက်ရကာ အေးစက်စွာဖြင့် နှုတ်ခမ်းတို့ မဲ့လိုက်ရင်း : “ လော်ယဲ့ အကြောင်း သိချင်နေတာ မဟုတ်ပါဘူးလို့ မင်း မပြောခဲ့ဘူးလား ? ”
 
“ ..… ” တု ယုံးဝေ သူမ ငေးနေမိသည့် အကြည့်တွေကို ပြန်ရုတ်သိမ်း လိုက်ပြီး  ကျန်း‌ ရှောင်ယန်ကို အလေးအနက် မျက်နှာထားဖြင့် ဝန်ခံလိုက်၏ ။ “ အမှန်တိုင်း ပြောရရင် ကျွန်မ အစ်ကို ရည်းစား နဲ့ ‌ဒီ လော်ယဲ့ ဖောက်ပြန်နေကြတယ်လို့ ကျွန်မ သံသယဖြစ်နေတာ ”
 
ကျန်း‌ ရှောင်ယန် ကြောင်အသွားမိ၏ ။ သူ ဘာလို့ တု ယုံးဝေ တစ်ယောက် ဒီ လော်ယဲ့ရဲ့ အချက်အလက်တွေကို လိုချင်ရသည်နည်း ဆိုသော ကိစ္စနှင့် ပတ်သက်၍ အများကြီး စဉ်းစားခဲ့ပြီးသော်လည်း အကြောင်းရင်း အစစ်မှန်က ဒီလို ဖြစ်နေမည်မှန်း သူ လုံးဝ မတွေးမိ ခဲ့ချေ ။  
 
“ တု ယီချိန်း ရဲ့ ရည်းစား ကောင်မလေး ? ”
 
“ အွန်း ” တု ယုံးဝေဟာ သူမအမေကို အရူးလုပ်ရန် ပြောခဲ့သည့် စကားများကို ကျန်း‌ ရှောင်ယန်ကိုလည်း ထပ် ပြောပြလိုက်သည် ။ “ ကျွန်မ ဒီ လော်ယဲ့နဲ့ ကျွန်မ အစ်ကိုရဲ့ရည်းစား တို့ ရင်းရင်းနှီးနှီးကြီးကို ပူးကပ်ပြီး သွားလာနေကြ တာကို တစ်ခါတွေ့လိုက်တာ ”
 
ကျန်း‌ ရှောင်ယန် မေးလာ၏ ။ “ မင်းက လော်ယဲ့မှန်း ဘယ်လိုသိလဲ ? ”
 
“ အာ … ကျွန်မ သူ့ကို ဘယ်မှာ တွေ့ဖူးမှန်း အသေအချာ မ‌သိ‌တော့ပေမဲ့ ပါတီတစ်ခုခုမှာလို့တော့ ထင်တာပဲ ၊ သူ့ရုပ်ကို မျက်လုံးထဲစွဲနေပေမဲ့ မသေချာလို့ အဲ့ဒါ‌ကြောင့် ရှင့်ကို အရင်မေးကြည့်လိုက်တာ ” တု ယုံးဝေသည် သူမ၏ ဇာတ်လမ်းတွေ သရုပ်ဖော်ဖန်တီးနိုင်စွမ်းက ပို ပို ကောင်းလာပြီ ဆိုတာကို တွေ့လိုက်ရသည် ။
 
ကျန်း‌ ရှောင်ယန်သည် ဖိုင်ကို ကောက်ယူလိုက်ကာ တစ်ချက် လှန်လှော ကြည့်လိုက်ရင်း သူမကို ပြောလိုက်၏ ။ “ ငါ ဒါကို မင်းအတွက် စစ် ကြည့်ပေးမယ် ”

မပြည့်စုံသော သူဌေးမလေးWhere stories live. Discover now