အခန်း ၂၃ မှ ၂၅ (unicode)

412 43 7
                                    

မပြည့်စုံသော သူဌေးမလေး:
အခန်း ၂၃ ။ [ ဒီ လက်ဖျားခါရလောက်တဲ့ ရည်းစား ကောင်လေး ပါဝါတွေ ]


တု ယီချိန်းကြောင့် တု ယုံးဝေ ရှက်သွားသည် ။

တု ယီချိန်း သူမ၏ မသက်မသာ ဖြစ်နေသောပုံကို မြင်ပြီးနောက် သူမ ချီယီနှင့် ဘယ်လိုများ တည့်တည့်ရှုရှု နေထိုင်နိုင်သလဲ ဆိုတာကို ရုတ်တရက်ကြီး သိချင်သွားမိ၏ ။

သူ စကားပြောတော့မည့်အချိန်မှာပဲ တု ယုံးဝေ၏ ဖုန်းက တုန်ခါလာသည် ။ တု ယုံးဝေသည် သူမ ခေါင်းကို မြန်မြန်ငုံ့ကာ သူမ ဖုန်းနှင့် ဆော့ကစားနေသလိုမျိုး ဟန်ဆောင်လိုက်၏ ။

တု ယီချိန်း ပြုံးသာနေပြီး ဘာမှမပြောချေ ။

တု ယုံးဝေ ဖုန်းထဲမှ မက်ဆေ့ခ်ျက ကျန်း ရှောင်ယန် ပို့လာခဲ့ခြင်း ဖြစ်သည် ။ သူမက မက်ဆေ့ခ်ျ သုံးခု ပို့ခဲ့ပြီး သူကလည်း အဲ့ဒီ သုံးခုလုံးကို စာပြန်ထား၏ ။

ကျန်း ရှောင်ယန် : အိုခေ

ကျန်း ရှောင်ယန် : ပြောစရာ တစ်ခုခုရှိရင် ဖုန်းပဲ တန်းဆက်လိုက် ၊ စာ ပို့ရင် ငါ မမြင်လိုက်တာမျိုး ဖြစ်သွားနိုင်တယ်

ကျန်း ရှောင်ယန် သူမကို မက်ဆေ့ခ်ျသတ်သတ်လည်း ပို့ထားသေးသည် : ငါ မင်း အိမ်မှာ ၅နာရီခွဲဆို လာကြိုလိုက်မယ်

၃၀ ရက်နေ့က ကျန်း ရှောင်ယန်၏ မွေးနေ့ပွဲပင် ။

တု ယုံးဝေ : အိုခေ !

တု ယုံးဝေ ခဏ တွေးလိုက်ပြီး ဝေရွေကို မနက်ဖြန် သူမနှင့်အတူ အဝတ်အစား ဝယ် ၊ မျက်နှာပေါင်းတင် ၊ အလှသွားပြင်ရန် လိုက်မလားဟု မက်ဆေ့ခ်ျ ပို့မေးလိုက်သည် ။


ဝေရွေ : ဘယ်ပါတီပွဲကို နင် ထပ်တက်ရမှာလဲ ?

ယုံး ဝေဝေ : ကျန်း ရှောင်ယန် ရဲ့ မွေးနေ့ပွဲ !

ဝေရွေ : ...

' သူ့သူငယ်ချင်းက သူလိုက်မမှီနိုင်တဲ့ အမြင့်ကိုတောင် ရောက်သွားပြီထင်ပါရဲ့ J '

သူမ နှလုံးသားထဲ၌ စကားလုံးတစ်ချို့ တီးတိုး ရေရွတ်မိသော်လည်း နောက်နေ့တွင် တု ယုံးဝေနှင့် အဝတ်အစားဝယ် ၊ မျက်နှာပေါင်းတင် သွားလုပ်ရန် အချိန်ပေးခဲ့၏ ။

မပြည့်စုံသော သူဌေးမလေးWhere stories live. Discover now