အခန်း ၆ မှ ၁၀ ။

1.4K 137 6
                                    


အခန်း ၆ ။ [ အရွယ်ရောက်ပြီးသူများအတွက် ပြောင်းလဲချိန်ကာလ ]

တုယုံးဝေ က နားနေခန်း ထဲမှာ ကိတ်မုန့် သေးသေးလေး တွေကို စားနေခဲ့၏ ။ လေလံပွဲက နာမည်ကြီး ဖြစ်သည့်အတွက် လက်ရာမြောက်ပြီး အရသာရှိသည့် ယွီမိသားစု လက်ရာ ကိတ်မုန့်များကိုသာ ထားထားသည် ။

သူမကို ဒီကို ခေါ်လာခဲ့သော အမ လှလှလေးက တံခါးကို ခေါက်ကာ ရိုရိုသေသေ ပြောလာခဲ့သည် : “ မစ္စတု သီးသန့်ခန်း ထဲက ဧည့်သည်တွေက ဝင်လာခိုင်းလိုက်ပါတယ် “

“ အို့ ” တုယုံးဝေ သူမ စားလို့မပြီးသေးသော ကိတ်မုန့်လေးကို ချပြီး ဘေးမှ ‌တစ်ရှူးကို ယူလိုက်၏ ။ ထို့နောက် သူမ၏ လက်တွေကို သုတ်လိုက်ပြီး လိုက်သွားတော့သည် ။

သီးသန့်ခန်း၏ အပြင်ဖက်မှာ အနက်ရောင် ဝတ်စုံပြည့် ဝတ်ထားကြသည့် လူချောချော သုံးယောက် ရပ်နေကြ၏ ။ သူတို့က အခန်းထဲမှ လူ၏ သက်တော်စောင့်တွေ ဖြစ်ရမည် ။  တုယုံးဝေ ကို ခေါ်ဆောင်လာခဲ့သူက တံခါးရှေ့မှာ ရပ်လိုက်ပြီး အထဲကို ပြောလိုက်သည် : “ ချီယီ … မစ္စတု ရောက်ပါပြီ “

‘ ချီယီ ? ‘ တုယုံးဝေ အနည်းငယ် ရှုပ်ထွေးသွား၏။  ' သူမ ဘာလို့ ဒီလိုလူကို မကြားဖူးရတာပါလိမ့် ? ‘ ဘယ်လိုပဲဖြစ်ဖြစ် ချီယီ ‌ဆိုသည့် နာမည်က အဖိုးကြီး နာမည် နဲ့ တူပြီး ကြည့်ရတာ သူမတို့ လူငယ် အသိုင်းအဝိုင်း နှင့် ဝင်မဆန့်နိုင်တဲ့သူ ဖြစ်မည် ။

သူမ တွေးနေစဉ်မှာပဲ သီးသန့်အခန်းတံခါး က ပွင့်သွားခဲ့ပြီ ဖြစ်၏ ။ တံခါးကို လာဖွင့်သည့် သူက အသက်နှစ်ဆယ် အရွယ် လူငယ် တစ်ယောက် ဖြစ်ပြီး အနက်ရောင် ဝတ်စုံပြည့် ကိုသာ ဝတ်ထားသည် ။ သူက တံခါးဝမှာ ရှိနေသည့် လူသုံးယောက် ထက်ပင် ပိုခန့်ညား၏ ။ တုယုံးဝေ သူ့ကို ကြည့်ဖို့ရန် မျက်လုံးပင့်ကာ ခေါင်းကို စောင်းလိုက်ရင်း : ” ချီယီ ?” 

“ ဒါက ချီယီရဲ့ လက်ထောက်ဖြစ်တဲ့ ကောင်း ယဲ့ပါ “ တုယုံးဝေ ကို ခေါ်လာခဲ့သည့် ဝန်ထမ်းက ပြောလိုက်သည် ။

“ အို့ ! ကောင်း .. ယဲ့ ဂျပန်လူမျိုး လား ? ” တုယုံးဝေ အပြုံးလေးဖြင့် မေးလိုက်၏ ။

မပြည့်စုံသော သူဌေးမလေးNơi câu chuyện tồn tại. Hãy khám phá bây giờ