Unicode
အခန်း ၃ ။ [ ဟင်းသီး ဟင်းရွက် ဈေးကို မရောက်ဖူးရင် ဘဝအကြောင်း ပြောလို့ မရသေးဘူး ]
တု ယုံးဝေ လီကျယ် ပန်းခြံ၌ နှစ်ရက်တိုင်တိုင် ခြင်စာ ကျွေးခဲ့ပြီး တတိယမြောက်ရက် မှာတော့ ဘာမှ မပြောလိုတော့ပါ ။ ကျန်း မန်လင်း က မနက်အစောပိုင်းအထိ တု ယင်းဝေ အိပ်ရာထဲ ရှိနေပြီး မထသေးဘဲ အိပ်နေတုန်းပဲ မလို့ သူမ ကြည့်ဖို့ အပေါ်တက်ရင်း သူမ အတွက် အသီးတစ်ချို့ ယူလာခဲ့သည်။
“ အဟွတ် အဟွတ် အဟွတ် ” အခန်း တံခါးဝဆီ ရောက်ရောက်ချင်း တု ယုံးဝေ၏ အဆက်မပြတ် ချောင်းဆိုးသံ တွေကို ကျန်း မန်လင်း ကြားလိုက်ရ၏ :
“ သမီးလေးရေ အဆင်ပြေလား ဆေးရော သောက်ပြီးပြီ လား ??? ”
တု ယုံးဝေ စောင်ကို ဆွဲခြုံလိုက်ပြီး ချိနဲ့စွာနှင့်ပဲ ပြန်ဖြေလိုက်၏ :
“ဟုတ် သောက်ပြီးပြီ အမေ သမီးအသံကို နားထောင်ကြည့် မနေ့ကထက်ကို ပိုဆိုးလာတယ် “
ကျန်း မန်လင်း ကြားတဲ့အခါ အနည်းငယ် တုံ့ဆိုင်းပြီး ဖြေလိုက်သည် : “အဲ့ဒါဆိုလည်း စကား မပြောနဲ့တော့ အသံက ကြောက်စရာ ကောင်းနေပြီ ”
တု ယုံးဝေ : “ …… ”
“ဒီမှာ ဒီအသီးလေးစား လည်ချောင်းနာတာ အတွက် ကောင်းတယ် ”
ကျန်း မန်လင်း သစ်တော်သီး အစိတ်လေးကို ယူကာ တု ယုံးဝေကို ကျွေးလိုက်သည် ။
“ သမီး တကယ် လီကျယ် ပန်းခြံကို မသွားချင်ဘူး ဆိုလည်း မသွားပါနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် ကျားကလည်း အစစ်တောင် မဟုတ်ဘူးလေ အဲ့လိုဆိုတော့ သက်ရောက်မှု ကလည်း အကန့်အသတ်ရှိရင် ရှိနေမှာ “
တု ယုံးဝေသည် ချိုအေးနေသည့် သစ်တော်သီးကို ပါးစပ်ထဲမှာ ဝါးရင်း သူမ ခေါင်းကို တဆက်ဆက် ငြိမ့်နေမိ၏ ။
' နောက်ဆုံးတော့ သူမ အမေ စာနာနိုင်သွားခဲ့ပြီ ! ’
YOU ARE READING
မပြည့်စုံသော သူဌေးမလေး
RomanceRebirth storyလေး နောက်ထပ်အသစ်တစ်ပုဒ်လေးပါရှင့်။ ဒါလေးကလည်း ဖတ်လို့ကောင်းတဲ့အထဲပါတာကတော့ မင်မင်ဆို တစ်ထိုင်တည်းထိုင်ဖတ်တဲ့အထိပါပဲရှင့်။ ဒါဒါလေးတို့လည်း ဖတ်ကြည့်ကြပါဦးနော်။