ရောက်ရှိ💫²⁷

Mulai dari awal
                                    

"မင်းလေးကရော..."

"ကျတော်ရောပဲလေ"

"နောက် ကိုယ်အသက်တွေကြီးပြီး အိုသွားရင်တောင် မင်းလေးကဒီအတိုင်းလေးပဲ ကျန်ခဲ့မှာပေါ့"

"ဟုတ်တယ်၊ ဒါပေမဲ့ ခင်ဗျားကကျတော့်မျက်လုံးထဲမှာ ကြည့်အကောင်းဆုံးလူအဖြစ်ရှိနေမှာပါ ကိုကို"

"ကိုကိုကတော့ မင်းကိုစိတ်မချနိုင်ပါဘူး"

"ကျတော်တို့ရေစက်ပါရင် ဒီလိုထပ်ဆုံကြဦးမှာပါ "

"ဟင် ...ဒီလိုထပ်ဆုံမယ်?"

"ကျတော်တို့ အရင်ကဆုံဖူးတယ်လို့ မခံစားမိဘူးလား"

"ဘာ..ဘာကိုလဲ"

"သခင်လေး Narawit..."

"ဟင်! Phuwin..."

"ကျတော်တို့ဆုံဖူးကြမှာပါ"

"ကိုယ်ကရော Fourthလိုပဲလား"

"အင်း...အရင်ကလဲ ခင်ဗျားက သခင်လေးWatရဲ့ သူငယ်ချင်းလေး၊ ကျတော်တို့ ပွဲတစ်ခုမှာတွေ့ဖူးကြတယ်လေ..."

"ငြိမ်းချမ်းရေးပွဲ...!"

ဟုတ်သည်၊ ကျတော်တို့ မျိုးနွယ်နဲ့ သွေးသန့်တို့ ငြိမ်းချမ်းရေးပွဲတစ်ပွဲလုပ်ခဲ့ဖူးပါတယ်။ ကိုကိုက ကျတော်လို အညဒရကိုတော့ ဘယ်သတိထားမိပါ့မလဲဗျာ။

"ကိုယ်မင်းကိုအဲ့မှာထဲကသတိထားမိတာပါ"

"ဗျာ..."

"ကိုယ်တို့အချစ်တွေကလဲ Wit နဲ့ Wat တို့လိုရှိနေခဲ့ကြမယ်ထင်တယ်...၊ ကိုယ်တို့ရဲ့ အချစ်က လှလှပပပုံပြင်လေးမရှိခဲ့ရုံလေးပဲ"

ကိုကိုကမျက်ရည်တွေဝဲပြီး ကျတော့်ကိုပြောပြလာတယ်။ သူ့ကိုကြည့်ရတာ ပြန်သတိရလာသလိုပဲ...

ကျတော်သူ့ကိုဖက်မိလိုက်တယ်...အခုအခြေအနေမှာ သခင်‌နဲ့ အစေခံဆိုတာကို လျစ်လျူရှုခဲ့မိပါတော့တယ်။

________________

"ဒီရေကန်ထဲခုန်ချသွားတာသေချာလား"

"သေချာပါတယ် သခင်မကြီး၊ ကျမလဲ၀င်ဆွဲမလို့ကို ကျမကိုတွေ့ပြီး ခုန်ချသွားတာပါ"

"နင်ဘာ‌ောက်သုံးကျလဲ..ဟမ်!"

"တောင်းပန်ပါတယ် သခင်မကြီး..."

Married To The Death ManTempat cerita menjadi hidup. Temukan sekarang