ရိပေါ် ပြန်ရောက်ပြီလားဆိုတာ ကြည့်ဖို့ ထွက်လာတဲ့ ဝမ်ရှီးရှီး က ရိပေါ်ရဲ့ အခန်းတံခါးကို ဖွင့်ကြည့်သည်။ အထဲတွင်
ရှိမနေသည့်အတွက် ဖုန်းကိုဖွင့်၍ အချိန်ကိုကြည့်ပြီး သက်ပြင်း ချမိတော့သည်။ခြံထဲဖြစ်ဖြစ်သွားပြီး ကောင်စုတ်ကလေး ပြန်အလာကို
စောင့်မည်ဟုတွေးလျှက် အပေါ်ထပ်ကနေ ဝမ်ရှီးရှီး မျက်နှာ
မသာမယာနဲ့ ဆင်းလာသည်။ အိမ်ထဲက မီးရောင်တွေကို ညမီး
ရောင် မှိန်ပျပျ ထွန်းထားသည်ကြောင့် လင်းထင်းနေသည့် မီးဖိုခန်းဆီ ဝမ်ရှီးရှီး မျက်လုံးတွေကရောက်သွားသည်။ အလုပ်သမားတွေလည်း အိပ်လောက်ပြီကို ဘာလို့ မီးဖွင့်ထား
ရသလဲဆိုတာ သိရဖို့ လျှောက်သွားသည်။အထဲသို့ မဝင်ရခင်မှာ မြင်နေရသည်က အခုချိန်ထိ ပြန်မ
လာသေးဘူးလို့ထင်ရတဲ့ ရိပေါ်က ဝိုင်ပုလင်းတွေချထားပြီး
ဘေးတွင် နဖူး က စားပွဲပေါ် စိုက်ကျလျှက် အိပ်နေသည်ကိုပင်။ သောက်လက်စ ခွက်က လဲကျနေပြီး ဝိုင်အချို့ကလည်း
မှောက်နေသည်။ဝမ်ရှီးရှီး က ခါးထောက်ထားလျှက်ဖြင့် ထမလာသေးတဲ့ ရိပေါ်ကို ကြည့်နေသည်။ သူမ၏ မျက်နှာတွင်လည်း စိတ်ညစ်
နေမှန်း သိသာနေသည်။ လွယ်နေတာကို ခက်အောင် လုပ်နေတယ်လို့ပဲ သူမစိတ်ထဲထင်သည်။ ရှောင်ရှောင်းက ကောကော
မဟုတ်လည်း ဘာအရေးလဲ။ချစ်နေတယ်ဆိုရင် ဒီအတိုင်းချစ်
လိုက်လို့ဖြစ်တာပဲ မဟုတ်ဘူး။မျက်လုံးထဲမှာ သနားဖို့ကောင်းနေတဲ့ ရိပေါ်ကို ကြည့်ရင်း
ဝမ်ရှီးရှီးက ရူပ်ပွနေတဲ့ အပြာရောင် ဆံပင်တွေကို ဖိသပ်ပေး
ဖို့ လက်လှမ်းလိုက်သည်။ ဆံပင်တွေကို သပ်ပေးရင်း ဝမ်ရှီးရှီး နှုတ်ကနေ သက်ပျင်းတင်မက စကားအချို့ကပါ ထွက်လာ
သည်။" ရူးနေပြီ ...နင်တော့ ရူးနေပြီ ရိပေါ်
ဘာလို့ ခက်ခက်ခဲခဲတွေ လျှောက်လုပ်နေရတာလဲ "ရိပေါ်ရဲ့ကိုယ်ကို သူမ တစ်ယောက်တည်း မသယ်သွားနိုင်တဲ့
အတွက် ဝမ်ရှီးရှီးဟာ နီးစပ်ရာအခန်းဆီမှ စောင်တစ်ထည်ကို
ယူလာပြီး ခြုံပေးထားသည်။ ပုလင်းတွေကို မူလထားရာ မှန်အိမ်ထဲတွင် သိမ်းဆည်းပေးပြီး..ရိပေါ်ကို တစ်ယောက်
တည်း ထား၍ ထွက်လာခဲ့တော့၏။ နောက်နေ့တွေမှာ တွေ့ရဦး
မယ့် ရှောင်ရှောင်းလေး ကိုရော ဘယ်လိုစိတ်နဲ့ ကြည့်ရပါ့မလဲ
ဟု ဝမ်ရှီးရှီး စိတ်ရှုပ်ထွေးစွာတွေးနေခဲ့ပါသည်။
.
.
.
.
.
.
ခါတိုင်းနေ့တွေနှင့် မကွဲပြားသည့်မနက်ခင်းဖြစ်သည့်အတွက် ရှောင်းကျန့် တစ်ယောက် အလုပ်သွားရဖို့နှင့် ကိုကို့အတွက် မနက်စာပြင်ပေးရန် တာဆူနေသည်။
YOU ARE READING
𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!]
Fanfiction"ဦးလေးကြီးက ရှောင်ရှောင်းကို ဘာလို့ မွှေးမွှေးပေးတာလဲဟင် " "ဦးလေးကြီးက ရှောင်ရှောင်းကို ဘာလို့ မွှေးမွှေးပေးတာလဲဟင်။"