W H O ( 7 )

2.6K 277 21
                                    


စားသောက်ပြီးလို့ဆိုင်ထဲကနေ ထွက်လာချိန်မှာ.ရှောင်ရှောင်း
က. လက်နှစ်ဖက်ကို ဗိုက်ကလေးမှာ ဖိကပ်ပြီး ခါးလေးကို 90ဒီဂရီကိုင်း ပြီး သူ့အား အရိုသေပေးသည်။

"ရှောင်ရှောင်းကို အရသာရှိတာတွေဝယ်ကျွေးလို့ ကျေးဇူးတင်ပါတယ်.. ဦးလေးကြီး "

ခါးလေးကိုင်းလိုက်တော့ လည်ပင်းမှာပတ်ထားတဲ့ အနီရောင်
မာဖလာက ပြေလျော့သွားတယ်။ ရိပေါ်က ရှေ့ကိုတိုးပြီး
ရှောင်ရှောင်းရဲ့ပုခုံးကိုကိုင်ပြီးကိုယ်ကိုပြန်မတ်ခိုင်းလိုက်တယ်။

"ရှောင်ရှောင်း ကြိုက်ရင် နောက်နေ့လည်းဝယ်ကျွေးမယ်"

မာဖလာလေးကို လည်ပင်းမှာ ထပ်ပြီး
မပြေအောင် ပတ်ပေးရင်း.. သူ့ကို မျက်လုံးဝိုင်းဝိုင်းလေးနဲ့
ကြည့်နေတဲ့ ရှောင်ရှောင်း ကို ပြုံးပြလိုက်တယ်။
နှုတ်ခမ်းလေးအား ထူထဲလှတဲ့ မာဖလာဖြင့်ဖုံးမသွားစေဖို့်ပါ
လုပ်ပေးပြီး..ပါးလေးတစ်ဖက်အား ဖိဆွဲလိုက်တယ်။

ရှောင်းကျန့် လေးစကားကို နားထောင်ရမှာဆိုပေမယ့်
ဦးလေးကြီးရိပေါ်.နဲ့နေရတာ ရှောင်ရှောင်း ပျော်တယ်..
ရှောင်ရှောင်း ကို နောက်နေ့ရော လာတွေ့မှာလားဟင်..

"အင်း..လာတွေ့မယ်။
ငါလည်း ရှောင်ရှောင်း နဲ့နေရတာ ကြိုက်တယ်"

မျက်လုံးလေးနှစ်ဖက်စလုံးမှိတ်ကျသွားသည်အထိ ရယ်နေတဲ့ ရှောင်ရှောင်း က လက်ခုပ်လေးပါတီးပြီး ပျော်နေကြောင်း
ကိုပြသည်။

"ရေး..ဦးလေးကြီး..တကယ်ပြောတာမလား.
အခုကစပြီး ဦးလေးကြီးက ရှောင်ရှောင်း ရဲ့ နံပါတ်၁ သူငယ်ချင်းဖြစ်သွားပြီ "

နံပါတ်၁ဆိုတဲ့စကားမှာတင် ရိပေါ်မျက်နှာက ပြုံးချင်လာတာကို ထိန်းထားတဲ့ပုံပေါက်နေပြီ။အခုချိန်မှာ
သူကလူကြီးနေရာမှာဆိုတော့တည်တည်ငြိမ်ငြိမ်နေဖိုကြိုးစားနေတယ်။

လက်လေးနှစ်ဖက်ကို ပူးပြီး.. ရပ်နေတဲ့ ရှောင်ရှောင်းရဲ့
လက်တစ်ဖက်ကို ကိုင်လိုက်တယ်။ ကားရပ်ထားတဲ့နေရာကိုမရောက်ခင် ရိပေါ်က သူ့လက်ထဲရောက်နေတဲ့ နှုးနှုးညံ့ညံ့လက်ကလေးကို
တင်းနေအောင်ကိုင်ထားသည်။
သူအခုလိုမျိုး တစ်စုံတစ်ယောက် ရဲ့လက်ကိုစိတ်လိုလက်ရ ဆုပ်ကိုင်ဖူးတာ နှစ်ကြိမ်မျှသာရှိဘူးတယ်။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now