W H O( 27 )

948 109 26
                                    


ခရစ်စမတ်နေ့မှာ အလုပ်နားရတဲ့ရှောင်းကျန့်က ရှောင်ရှောင်းအတွက် လက်ဆောင်ဝယ်ပေးထားတဲ့ အဝတ်အသစ်
လေးကို ထုတ်ဝတ်ပေးသည်။ မိုးလင်းတည်းက ပြုံးပျော်နေ
တဲ့ ကိုကို့ကို ကြည့်ရတာ ရှောင်းကျန့်ဆီကိုပါ အပျော်ကူးစက်
စေပါသည်။

ခရစ်စမတ်နဲ့လိုက်ဖက်တဲ့ အနီရောင် အနွေးထည်လေးက ကိုကို့ မျက်နှာဖြူဖြူလေးနဲ့လိုက်ဖက်လွန်းလို့ ရွေးဝယ်ခဲ့ရတဲ့
ကိုယ့်ကိုယ်ကိုယ် ချီးကျူးမိသည်။ လေးထောင့်ဆန်ဆန်မှန်
ကိုကိုင်ကာ ပြပြီး ကိုကို့ ကို ကြည့်ခိုင်းသည်။

"ကြိုက်လား ကိုကို.. ဒီတစ်ခါခရစ်စမတ်လက်ဆောင်
ကို ကောင်းကောင်းလေးပေးချင်တာ "

" ရှောင်ရှောင်း အများကြီးကြိုက်တယ် "

ကိုကို ရဲ့စကားမှာ ရှောင်းကျန့်က မျက်လုံးတွေမှေးကျသွား
တဲ့အထိရယ်သည်။သူသဘောကျရတဲ့အလုပ်ကလေးရဲ့ဝင်ငွေ
က အရင်လောက်မများပေမယ့် အိမ်စရိတ်အပြင် ကိုကို့ အတွက် ခရစ်စမတ်လက်ဆောင် ဝယ်နိုင်သည်။

" ညီလေး..."

" အင်း ကိုကို "

" ညီလေးအတွက်ကရော..အမြဲတမ်း ရှောင်ရှောင်းအတွက်ပဲဝယ်ပေးနေတာ ညီလေးမှာကျ အင်္ကျီအသစ်မရှိဘူး "

သူ့အတွက်ကြည့် ပေးနေတဲ့ကိုကို့ အနားသွား၍ နှာတံလေးအား လက်ချောင်းဖြင့်တို့သည်။ ငယ်ငယ်တုန်းကသူစိတ်ဆိုး
နေချိန်တိုင်း ကိုကို လုပ်ပေးသလိုမျိုး အခု ရှောင်းကျန့်က
ကိုကို ၏ နှုတ်ခမ်းထောင့်နှစ်ဖက်ကို လက်ညိုးဖြင့်ပင့်ကာ
ပြုံးခိုင်းသည်။

"ကျွန်တော့်အတွက်က မလိုပါဘူး
ပြီးတော့ ကိုကို့ထက် ကျွန်တော်က စည်းကမ်းရှိတယ်
အင်္ကျီတွေလည်း အသစ်တိုင်းရှိသေးတယ်လေ
ဝယ်ဖို့မလိုဘူး "

ကိုကို့မျက်နှာကိုကြည့်ရင်းနောက်ထပ်စိတ်ထဲမှပြောလိုက်
သည့်စကားဟာတော့။
" ကိုကို ရသင့်တာတွေကို ယူတယ်လို့ပဲသဘောထားပါ
ကျွန်တော့်ကို အားနာဖို့မလိုပါဘူး"

ရှောင်ရှောင်းက ခေါင်းကိုညိတ်ပြီး ရှောင်းကျန့်ရဲ့မျက်နှာကို
ကိုင်သည်။ဆူပုတ်နေတဲ့မျက်နှာလေးက ပြန်ဝင်းပလာပြီး။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now