W H O ( 28 )

1.1K 114 27
                                    

 
    ညစာအဖြစ် Christmas အပြင်ဆင် လှလှလေးတွေ ရှိ
သည့် စားသောက်ဆိုင်တစ်ဆိုင်မှာ ရှောင်ရှောင်းစားချင်တာ
တွေဝယ်ကျွေးခဲ့တယ်။သူ့ ဘေးတွင် တစ်ချိန်လုံး ရယ်မောနေ
တဲ့ ရှောင်ရှောင်း ကို ရိပေါ်ဘက်က တော့ မပီမပြင်သာပြုံးပြ
နိုင်ရှာသည်။

   တစ်အောင့်နေဆို ရှောင်ရှောင်းကို အိမ်ပြန်ပို့ရတော့မည်။
သူပြောရမည့် စကားကိုလည်း ပြောရမယ့် အခြေအနေကိုစောင့်သည်။ ထိုသို့စောင့်ရင်း စောင့်ရင်းကနေ စားသောက်ပြီးစီး
သွားတဲ့အပြင်..အိမ်ကိုပြန်ပို့ပေးရန် ကားပေါ်ကို ပင် ပြန်ရောက်နေလေပြီ။

   အချိုတည်းဖို့ ရေခဲမုန့်ကိုပါ ပြုံးရွှင်ပြီးစားနေတဲ့ ရှောင်ရှောင်းဆီ ရိပေါ်က ကားမောင်းဖို့ပြင်ရင်း စောင်းငဲ့ ကြည့်နေသည်။ ဦးထုတ်လေးက တစ်ဖက်သို့ လျှောကျနေတာကို
မြင်တော့ ရှောင်ရှောင်းရဲ့ခေါင်းထက် လက်လှမ်းလိုက်သည်။
ပြင်ပေးနေတာကို ရေခဲမုန့်ဇွန်းကို ကိုက်နေသည့်အတိုင်း
သူ့အားလှည့်ကြည့်လာသည်။

   ရှောင်ရှောင်းပျော်နေတယ်ဆိုတာ ဝိုင်းစက် ကြည်တောက်
နေပါသော မျက်ဝန်းကလေးတွေကနေ ရိပေါ် မြင်နေရသည်။
သူပြုံးတော့ ရှောင်ရှောင်းကပါ လိုက်ပြုံးသည်။

  " နှင်းလျှောစီးခဲ့သေးတာကို ရေခဲမုန့်တွေပါထပ်စားတော့
    မ အေးဘူးလား ရှောင်ရှောင်း "

ရေခဲမုန့်ဇွန်းကို ပါးစပ်ထဲကထုတ်ကာ ဦးလေးကြီးရိပေါ်
စကားကို ခေါင်းကလေးခါယမ်းလျှက် ရှောင်ရှောင်းက ပြန်
ဖြေသည်။

  " ဟင့်အင်း ဟင့်အင်း..မအေးပါဘူး
    ရှောင်းရှောင်းကြိုက်တယ်.."

   "ဟုတ်ပါပြီ..ရှောင်ရှောင်း ကြိုက်ရင်ရပြီ "

ပုခုံးလေး မြှောက်တက်လာသည်အထိ ရယ်ပြရင်း ရှောင်
ရှောင်း က ရေခဲမုန့်ထံ တစ်ဖန်အာရုံရောက်သွားပြန်သည်။
အကြည့်တွေ မလွှဲနိုင်သေးသည်ကတော့ ရိပေါ်ပင်ဖြစ်သည်။
လက်ဆောင်ပေးဖို့ပြင်ထားတဲ့ ပစ္စည်းလေးဟာလည်း
ကားနောက်ခုံတွင်ရှိနေဆဲ။ ပေးလည်းမပေးဖြစ်သေးသလို၊
ရှောင်ရှောင်း သိစေဖို့ ပြောရမည့်စကားအချို့ဟာလည်း ယခု
ထိတိုင် နှုတ်ကနေ ထွက်မလာနိုင်သေးပေ။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now