ရိပေါ် အိမ် ပြန်ရောက်လာပြီဆိုတာသိလည်း ခါတိုင်းလို
ကိုယ့်ဟာကိုယ်ပဲ ထိုင်နေရင်းမှ အိမ်ကအလုပ်သမားအချို့
ကပါ ပစ္စည်းတွေသယ်ပြီး ၀င်လာကြတာကိုမြင်ရသည်။ သိချင်စိတ်ကိုမထိန်းနိုင်တဲ့ဝမ်ရှီးရှီးလည်းနောက်ဆုံးကျန်ခဲ့
သည့် အလုပ်သမားတစ်ယောက်ကို လှမ်းတားပြီး အထဲကဘာတွေလဲဆိုတာ ကြည့်သည်။"ဟင်း.. အရုပ်တွေပါလား..
မကြီးမငယ်နဲ့ ဘာလုပ်မလို့လဲ"အိတ်ထဲမှာ ရှိတာတွေက အရုပ်တွေအစုံပဲမို့ အရှေ့မှာသယ်
သွားကြတဲ့ အိတ်တွေထဲမှာရော ဒါတွေပဲလား ရိပေါ်ဘာတွေ
လုပ်ဖို့ကြံစည်နေတာလဲ ဆိုပြီး တွေးရင်းကနေ သူမပါ အပေါ်ထပ်ကို ပြေးလိုက်သွားသည်။ဖွင့်ထားတဲ့ အခန်းတံခါးဝမှာပဲ ရပ်၍ ချောင်းကြည့်တော့
ရိပေါ် ကိုယ်တိုင် အရုပ်တွေကို ထုတ်ပြီး အခန်းထဲမှာ အိပ်ရာဘေးတွေမှာ နေရာတကျ တန်းစီ နေသည်။
ဝမ်ရှီးရှီး လက်ကိုပိုက်လို့ မောင်ဖြစ်သူ လုပ်နေသမျှအား ကြည့်ရင်း အခန်းထဲ ၀င်သွားလိုက်တယ်။"ဒါတွေက ဘာလုပ်ဖို့လဲ "
"အင်း... သေချာတာကတော့ကျဲနဲ့ မဆိုင်ဘူး"
မျက်လုံးထဲ လှနေတဲ့ pink colour ယုန်အရုပ်လေး
ကို ကိုင်ကြည့်နေသည့် ၀မ်ရှီးရှီးမှာစိတ်တိုတိုနဲ့ ရိပေါ်ကို
ထိုအရုပ်ဖြင့်ပစ်ပေါက်တော့သည်။ ကိုယ့်အမကို ဒေါသထွက်
ပြီး သေစေချင်နေလားမသိ၊ အမြဲတမ်း လေသံကိုမာနေတာပဲ။" သေချင်နေလား ကောင်စုတ်လေး
ကိုယ့်ထက်အကြီးကို မလေးမစားနဲ့"ဒီတစ်ခါကိုတော့မရှောင်တော့ပဲ သူ့ကိုပစ်ပေါက်သည့် အရုပ်ကို ရိပေါ် အမိအရဖမ်းပြီးကုတင်ပေါ် ပြန်တင်ထား
လိုက်သည်။ဒီအရုပ်ကလေးကရှောင်ရှောင်းကိုပေးဖို့
တကူးတကရှာဝယ်လာတာ..တစ်ခုခုဖြစ်လို့မရဘူး။"မနက်ဖြန် ဧည့်သည်တစ်ယောက်လာမှာ
သူ့အတွက်ပြင်ထားတာ.. ""နင့် ဧည့်သည်.. ဆိုရင်.နင့်အသက်လောက်ရှိမှာပေါ့
အရုပ်တွေနဲ့ဘာဆိုင်လို့လဲ ပြီးတော့ တစ်ခန်းလုံးထားစရာ
နေရာမရှိတဲ့အထိ ၀ယ်စရာလား.. "
आप पढ़ रहे हैं
𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!]