W H O ( 8 )

2.7K 282 28
                                    

အိမ်ရှေ့အထိ ကားနဲ့ လိုက်ပို့ပေးချင်ပေမယ့် ရှောင်ရှောင်း
နေတဲ့ နေရာက အတွင်းဘက်ကျလို့ ကားဝင်မရဘူးဖြစ်နေတယ်။ ရပ်လို့ရတဲ့နေရာမှာ ပါကင်ထိုးပြီး
ကားကိုရပ်လိုက်သလို ဖွင့်ထားတဲ့ ကားအမိုးကိုပါ ရိပေါ် ပြန်ပိတ်လိုက်တယ်။

ရှောင်ရှောင်းက ခေါင်းလေးမော့ပြီး သူလုပ်သမျှကို လိုက်ကြည့်ပြီး ရယ်နေသည်။ စိတ်ကောက်နေတဲ့ အချိန်ကလွဲရင် ရှောင်ရှောင်း က အမြဲရယ်နေတာ မြင်ရတယ်။
ဒီကောင်လေးသာ အခုလို ဝေဒနာမခံစားရဘူးဆိုရင်
ဘယ်လိုပုံစံလေးဖြစ်လောက်လဲဆိုပြီး ရိပေါ်တွေးမိသည်။

ဘယ်လိုပုံစံပဲဖြစ်ဖြစ် ရှောင်ရှောင်း က ချစ်ဖို့ကောင်းနေမှာပဲ။

"ပြန်တော့မယ်မလား."

"ဟုတ်.. ဦးလေးကြီး"

သူ့ထက်အရင်ဆုံးကားပေါ်က ဆင်းသွားတဲ့ ဦးလေးကြီး
လိုမျိုး ရှောင်ရှောင်းလည်း လိုက်ဆင်းချင်နေတယ်။
ဒါပေမယ့် သူ့ကို ပတ်ထားတဲ့ ခါးပတ်ဆိုတဲ့ဟာကဆွဲဖြုတ်လို့
မရဖြစ်နေတော့ အလိုမကျစွာ နှာလေးမှုတ်ပြီး ငြိမ်နေရတော့
သည်။

အပြင်ဘက်မှာရှိတဲ့ဦးလေးကြီးက ကားတံခါးကို ဖွင့်ပြီး သူ့ကို
ငုံ့ကြည့်ပြီး အနားတိုးလာသည်။ ဦးလေးကြီးက အရမ်းတိုး
လာတော့ ရှောင်ရှောင်းက သူ့ခေါင်းကို အနောက်မှာမှီပြီး
ရှောင်လိုက်တယ်။ အနီးကပ်မြင်ရတော့ ဆံပင်အပြာရောင်နဲ့။ ဦးလေးကြီးက တော်တော်လေးချောတယ်။
TV ထဲက ကြည့်ရတဲ့ လူတွေထက် အများကြီး အများကြီးပိုချောတယ်။

ရိပေါ်လည်း ခါးပတ်ကို မဖြုတ်တက်တဲ့ ကောင်လေးကို
ဆင်းလို့ရအောင် ကိုယ်တိုင်ဖြုတ်ပေးနေတုန်း မျက်လုံးလှန်
ကြည့်မိသည်။ မျက်လုံးအိမ်ကျယ်ကျယ်လေး နဲ့ နှုတ်ခမ်းလေး ဟ ပြီးကြည့်နေတဲ့ရှောင်ရှောင်းကိုတွေ့ရတယ်။
အနီးကပ်ကြည့်လေ ချစ်ဖို့ကောင်းလေဖြစ်နေတဲ့ ရှောင်ရှောင်း ကို ရိပေါ် အသည်းယားလို့ နှုတ်ခမ်းလေးတစ်ဖက်ရွဲ့သွား
သည်ထိ ပါးတစ်ဖက်အား ဆွဲပစ်လိုက်တယ်။

"လာ.. အောက်ဆင်းတော့."

ရှောင်ရှောင်း ရဲ့လက်ကို ဆွဲ၍ ကားထဲက ဆင်းလာခိုင်းပြီး
ကားတံခါးကို ပိတ်လိုက်သည်။လက်လွှတ်လိုက်တာနဲ့ ပြန်ရမယ့်နေရာကို ရှောင်ရှောင်း က လက်ညိုးထိုးပြပြီး သွားဖိုပြင်နေတာကိုရိပေါ် လှမ်းဆွဲထားမိသည်။ ဒီအတိုင်းပြန်မလွှတ်ချင်သေးဘူး။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now