W H O ( 26 )

1K 101 18
                                    

ခလုတ်တစ်ချက်နှိပ်လိုက်လျှင် အရောင်ပြောင်းသွားသည့်
မီးအိမ်လှလှလေးကို ငေးစိုက်ကြည့်ရင်း အချိန်ကုန်ဆုံးနေ
ခဲ့သည်က အတော်ကြာချေပြီ။ ဘာအတွေးမှမရှိသလို မျက်နှာ
နှင့် ခလုတ်ကို ဆက်တိုက်ဖိနှိပ်ကာ ကစားနေပြီး ဘယ်အချိန်မှ ရပ်တန့်မလဲမသိနိုင်။

" ရှောင်ရှောင်း သဘောကျတဲ့ မီးအိမ်လေး
ခရစ်စမတ်လက်ဆောင်ကို ဒီလိုမီးအိမ်လေး ပေးရမလား "

အကြာကြီးနေမှ ရိပေါ် နှုတ်ကနေ စကားသံထွက်လာချင်း။

ခရစ်စမတ်လက်ဆောင်ဆိုပေမယ့် ခွဲခွာရမယ့်လက်ဆောင်ဆို
ပိုမှန်လိမ့်မည်။ အရင်ကဆိုရင် ရှောင်ရှောင်းကို လက်ဆောင်
ဝယ်ပေးဖို့ အကြာကြီး စဉ်းစားမနေခဲ့ဖူးပေမယ့် အခုကတော့
ရှောင်ရှောင်းကို နောက်ဆုံးအနေနဲ့ ပေးရမည့် လက်ဆောင်ဖြစ်
နေသည်။ ရှောင်ရှောင်း သဘောအကျဆုံး လက်ဆောင်ကို
ပေးရမယ်။ ဒါမှ နောက်ဆုံးအနေနဲ့ ရှောင်ရှောင်းရဲ့ အပြုံးတွေ
ကို တစ်ဝကြီး မြင်သွားရမှာ။

အဲ့တာပြီးရင်တော့ ရှောင်ရှောင်းကို သူ့နှလုံးသားထဲကနေ
အပြီးပိုင် ထုတ်ပစ်ရတော့မည်။

"ဟော အခန်းထဲမှာမတွေ့လို့ ငါက နင်ပြန်မလာသေးဘူး
ထင်နေတာ ဘယ်လိုဖြစ်ပြီး ရှောင်ရှောင်းကို နှင်ပစ်တဲ့ အခန်း
ထဲ ရောက်နေတာလဲ သိပ်မကြာခင်ကမှ အိမ်ပြန်လိုက်ပို့ပေး
ထားတာကို သတိရနေတာလား "

ဝမ်ရှီးရှီး ရဲ့ အသံကိုကြားတာနဲ့ ကိုယ်ကို မတ်မတ်ပြန်ထိုင်ကာ မီးအိမ်ကို ဆော့နေတဲ့ လက်ကိုလည်း ရုတ်သိမ်းလိုက်ပါသည်။ ဝမ်ရှီးရှီးရဲ့စကားထဲက မမှန်ကန်ဘူးလို့ ထင်တဲ့စကား
ကို ပြန်ထောက်သည်။

" သတိမရပါဘူး "

ဂျစ်ကန်ကန်လေသံဖြင့် ပြောပြီး အခန်းထဲထွက်လာတဲ့ ရိပေါ်
က သူ့ကိုတောင် တိုက်မိတော့မယ့်အတိုင်း။ ခါတိုင်းစိတ်နဲ့သာ
လှမ်းရိုက်လိုက်မိမှာပဲ အခုကတော့ ရိပေါ်ရဲ့ စိတ်အခြေနေ
မကောင်းမှန်း မြင်နေရသည်လေ။

" နှင်မယ်လို့ ဆုံးဖြတ်ထားရင် မြန်မြန်နှင်လိုက်တော့
နင့်ရဲ့ မသဲကွဲတဲ့စိတ်ကြောင့် ရှောင်ရှောင်းကို စိတ်ဒဏ်ရာ
ပေးတာကိုရပ်။ "

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now