W H O (5)

3.2K 361 31
                                    

ဘတ်စ်ကားစီးလာတဲ့ အပြန်လမ်းတစ်လျှောက်လုံး ရှောင်းကျန့် တက်ကြွနေသည်။ လက်ထဲမှာပါလာတဲ့ အိတ်ကလေးထဲကမုန့်တွေကို ကိုကို့ကို စားစေချင်တယ်။
ကိုကိုက အချိုလေးတွေစားရရင် အရမ်းပျော်နေတက်တာ။

ကိုကိုပျော်နေတဲ့အခါမှ သူ့ကိုယ်သူအပြစ်တင်စိတ်
တွေလျော့သွားမှာမို့လို့.. ရှောင်းကျန့် အမြဲတမ်း ကိုကို့ကို စိတ်ပျော်အောင် လိုလေသေးမရှိထားပေးခဲ့တယ်။ ဒီလောက်လေးနဲ့ သူ့ရဲ့ အပြစ်ကျွေးကုန်နိုင်မှာမဟုတ်ပေမယ့်
အနည်းငယ် လျော့လိုလျော့ငြားကြိုးစားခြင်းပါပဲ။

ကားပေါ်ကနေ ဆင်းခါနီးမှာ ကားဂိတ်လေးမှာ အခြားလူတွေနဲ့အတူတူ ထိုင်နေတဲ့ ကိုကို့ကို တွေ့တော့
ရှောင်းကျန့် နဂိုထက်မြန်မြန်ပြေးဆင်းလိုက်တယ်။ ငေးနေတဲ့
ကိုကိုက သူ့ကို မြင်တာနဲ့ ရယ်ပြနေသလို ခုံကနေ ထလာတယ်။ ချက်ချင်းပဲ အပြေးလေးရောက်လာပြီး
ဝမ်းသာအားရ ပြောသည်။

"ရှောင်းကျန့်လေး. ပြန်လာပြီ. ပျော်လိုက်တာ.. "

ညနေစောင်းချိန်ကျော်ပြီး တဲ့အတွက် လေတွေက လည်းတိုက်နေသလို..ကိုကို့နားရွက်လေးနဲ့ နှာခေါင်းလေးမှာပါ အေးလို့ နီရဲနေသည်။

"ကိုကိုက ကျွန်တော် ပြန်လာတဲ့အထိ အခုလိုမျိုး
စောင့်နေတာလား။ လက်တွေ မျက်နှာတွေရော
အေးစက်နေတာပဲ.. "

သွားလေးတွေပေါ်သည်အထိ ရယ်မောနေတဲ့ ရှောင်ရှောင်းက
သူ့ညီလေး စိတ်ပူပြီးမေးတဲ့စကားကို ခေါင်းလေးခါ၍
ဖြေသည်။

"ရှောင်ရှောင်း လုံးဝမအေးပါဘူး..
ရှောင်းကျန့်လေးကိုစောင့်ရတာ ပျော်တောင်ပျော်သေး"

အကိုဖြစ်သူရဲ့ ခေါင်းကို ကလေးလေးသဖွယ် ပွတ်သပ်ပေးပြီး
နောက်. ရှောင်းကျန့် က လက်ထဲမှာရှိသည့် အိတ်ကိုမြှောက်ပြလိုက်တယ်။

"ကိုကိုက လိမ္မာလိုက်တာ. ဆုချရမယ်
ဒီမှာကြည့်.ကိုကို့်အတွက် မုန့်တွေပါတယ်"

မုန့်ထည့်ထားတဲ့ အိတ်ကိုယူနေတဲ့ ကိုကို့ဆီမှာ နောက်ထပ်
ဈေးဝယ်အိတ်တစ်လုံးကပါ ထပ်ရှိနေပြန်တယ်။ ဘယ်ကရလာတာလဲ မသိတော့ ရှောင်းကျန့် အိတ်ကို လက်ညိုးထိုးပြီးမေးလိုက်တယ်။

 𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!] Where stories live. Discover now