"ရှောင်ရှောင်း... ဟေး.. ငါ့ကိုမြင်လား."
ရှောင်ရှောင်းနဲ့တူတဲ့လူက လှည့်မကြည့်တော့တာကြောင့်
ရိပေါ် အားမလိုအားမရဖြင့်အော်လိုက်ခြင်းပါပဲ။
ဘတ်စ်ကားက အလုံပိတ်ကားမို့လို့. မကြားရဘူးထင်။
အဲဒီ့လူက လှည့်ကြည့်မလာတော့ဘူး။"ရိပေါ်.. နင် ဘယ်သူ့ကိုခေါ်နေတာလဲ."
" နေဦး.. နောက်မှမေး.. "
ဒီလောက်ထိ တစ်ထပ်တည်းတူနေတာ.. ရှောင်ရှောင်း ပဲဖြစ်မှာ။ ရှောင်ရှောင်း ဆိုရင် ငါ့ကို ဘာလို့ မသိချင်ယောင်ဆောင်မှာလဲ။
မီးစိမ်းပြီမို့ ကားတွေက ထွက်ကုန်ကြပြီ။ ရိပေါ်ဆုံးဖြတ်လိုက်တာက ဘတ်စ်ကားနောက်ကိုလိုက်ဖို့ပဲ။
ဒီလူဘယ်သူလဲဆိုတာကို ဒီနေ့တွင်းချင်း သိရမှကိုဖြစ်မှာ။" ဟဲ့.. ရိပေါ်.. မောင်းတော့လေ..
ဘာစောင့်နေတာလဲ"ရိပေါ်လည်း ဘေးက သူအမ ရှီးရှီးကို အမြန်မေးလိုက်တယ်။
" ကျဲ.. သွားမယ့်နေရာက နောက်ကျလို့ရလား"
" မရဘူးလေ.. အရေးကြီးလို့
နင့်ကားကို လိုက်စီးတာပေါ့"" တကယ်ပဲ..ကျဲက ကောင်းကျိုးကိုမပေးဘူး"
လိုက်လို့ရသလောက်ထိ ဘတ်စ်ကားနောက်လိုက်ခဲ့ပေမယ့်
လမ်းမတူတော့တဲ့အခါမှာ ရိပေါ်စိတ်မကောင်းစွာနဲ့
လက်လွှတ်လိုက်ရသည်။ နောက်တစ်ခါတော့ Suite နဲ့
လူကို အသေချာ လိုက်မှဖြစ်တော့မယ်။....................................
ကုမ္မဏီထဲကို အချိန်မှီဝင်နိုင်သွားတဲ့အတွက် ရှောင်းကျန့်
စိတ်အေးလက်အေးပဲ ဆက်လျှောက်သွားတယ်။ဓာတ်လှေကားရှေ့မှာ ခလုတ်နှိပ်ပြီးစောင့်နေပြီး တံခါးပွင့်လာတာနဲ့ ၀င်လိုက်တယ်။ ဆံပင်နည်းနည်းပွသွား
တာကို ပြန်ပြင်ရင်း..တံခါးပိတ်လိုက်စဉ်မှာပဲ.. ဓာတ်လှေကား
ကို တားတဲ့လူရှိလာတယ်။သူ့လိုပဲ ၀န်ထမ်းတစ်ယောက်လာတယ်လို့ထင်ရာကနေ
ဝင်လာတဲ့လူကိုကြည့်လိုက်တော့..CEO ချန်းမင်ဟန်ဖြစ်နေတယ်။ တိုက်ဆိုင်ချက်ကြောင့်
ရှောင်းကျန့်ကိုစိတ်မသက်မသာဖြစ်ပြီးထောင့်မှာ
ကပ်နေစေသည်။ ဘေးမှာရပ်နေသည့်အတွက် ခေါင်းကိုငုံ့၍. စနှုတ်ဆက်လိုက်တယ်။
YOU ARE READING
𝙒 𝙃 𝙊 ? [𝑇𝑒𝑙𝑙 𝑀𝑒 𝑊𝒉𝑜 𝑌𝑜𝑢 𝐴𝑟𝑒....!]
Fanfiction"ဦးလေးကြီးက ရှောင်ရှောင်းကို ဘာလို့ မွှေးမွှေးပေးတာလဲဟင် " "ဦးလေးကြီးက ရှောင်ရှောင်းကို ဘာလို့ မွှေးမွှေးပေးတာလဲဟင်။"