အခန်း - ( ၁၁ )【 U 】

1.6K 247 2
                                    

『 ရေပူစမ်းစိမ်ခြင်း။ 』

___________________________________

ဤအပန်းဖြေဟိုတယ်၏ရေပူစမ်းမှာပထမထပ်အနောက်ဘက်တွင်တည်ရှိပြီးနှစ်ပိုင်းခွဲခြားထား၏။ အများပြည်သူဧရိယာနှင့်သီးသန့်ရေပူစမ်း။

သီးသန့်ရေပူစမ်းဧရိယာမှာအထူးတလည်ပင်အလွန်လှပစွာဆင်ယင်မွမ်းမံထားပြီးအမိုးပွင့်ဂျပန်စတိုင်ရေပူစမ်းဖြစ်ကာ ၊ သီးသန့်ရေပူစမ်းကန်များကိုသစ်သားခြံစည်းရိုးဖြင့်ကာရံထားသည့်ခြံဝင်းလေးများအဖြစ်အကန့်ခွဲထားသည်။ ခြံစည်းရိုးအပြင်တွင်ကားစိမ်းစိုနေသောဝါးပင်များစိုက်ထားပြီး ၊ ရေပူစမ်းကန်ဘေးတလျှောက်တွင်မူ bluestone များဖြင့်ခင်းထား၏။

ကောင်းကင်ယံအမှောင်ထုကျရောက်လာချိန်၌ခြံဝင်းထဲရှိမြက်များကြားထဲမှအဝါနွေးနွေးအလင်းရောင်တို့တောက်ပထွန်းလင်းလာကာ ၊ ဖြူလွလွမြူခိုးငွေ့တို့မှာရေပူစမ်းကန်ထက်တွင်ညင်သာလှစွာမျောလွင့်နေလျက်သားဖြင့်နူးညံ့သိမ်မွေ့စွာမြူဆိုင်းဝေဝါးသည့်ခံစားချက်ကိုပေးစွမ်းနေလျက်။

လုချင်းယန်သည်ရေပူစမ်းကန်နှစ်ခုပါသောခြံဝင်းကိုလိုချင်ခဲ့သည်။ လင်းယို့မှာနားမလည်နိုင်ဖြစ်သွားရပြီး -

" ငါတို့နှစ်ယောက်ပဲရေစိမ်ရုံဆိုရပြီမဟုတ်ဘူးလား ၊ ဒီလောက်ကြီးတဲ့ကန်ကြီးကလူနှစ်ယောက်မဆံ့နေလို့လား ?"

လုချင်းယန်သည်လင်းယို့ကိုဆွံ့အစွာကြည့်လာကာ : " မင်းကိုယ်မင်း Omega ဖြစ်တယ်ဆိုတဲ့အချက်ကိုနည်းနည်းလေးသတိထားပေးလို့ရနိုင်မလား။ "

ထိုအချိန်မှသာလင်းယို့မှာအမှတ်ရသွားသော်လည်း ၊ လုချင်းယန်နှင့်အတူရေပူစမ်းကန်ခြံဝင်းလေးထဲသို့လျှောက်လှမ်းဝင်လာချိန်တွင်ခပ်တည်တည်သာရေရွတ်လာခဲ့၏။

" ငါကတခြား Beta တွေနဲ့စိမ်တာမှမဟုတ်တာ ၊ မင်းနဲ့ပဲကိုဘာအမှုထားစရာရှိလို့လဲ။ "

လုချင်းယန်သည်သူ့ကိုလှမ်းကြည့်လာကာမည်သည်မျှမတုံ့ပြန်။ ရေပူစမ်းခြံဝင်းထံရောက်ချိန်တွင်လုချင်းယန်နှင့်လင်းယို့တို့မှာအကန့်ခွဲထားသည့်အခန်းငယ်တစ်ခန်းစီတွင်အရင်ရေချိုးမိုးသန့်စင်လိုက်ပြီး ၊ လုချင်းယန်မှာပိုမြန်မြန်ပြန်ထွက်လာကာရေပူစမ်းထံသို့ဦးစွာဆင်းသွားတော့သည်။

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Where stories live. Discover now