အခန်း - ( ၄ )【 U 】

2.3K 325 8
                                    

『 အတင်းအဖျင်းပိုစ့်များ ၊ အဆောင်သို့ပြောင်းရွှေ့ခြင်း။ 』

________________________________

ထိုနေ့၏အတန်းချိန်ပြီးသွားသည့်နောက်တွင်အထက်တန်းဒုတိယနှစ် ၊ တန်းခွဲ(၁) ၏အခန်းအရှေ့တွင်အခြားကျောင်းသားများမှာအမှတ်တမဲ့ဖြတ်လျှောက်မိသည့်နှယ်လာရစ်သီနေကြသည်။ သို့သော်ငြားအထက်တန်းဒုတိယနှစ် ၊ တန်းခွဲ(၁) ၏နောက်ဆုံးတန်းရှိခုံပေါ်မှောက်အိပ်နေသူထံထိုရစ်သီနေကြသူများကလည်ပင်းများလိမ်၍ကြည့်နေမိကြလျက်။

လင်းယို့ Beta မှ Omega သို့​ခွဲခြားခံရသည့်သတင်းမှာဒုံးပျံတစ်ခုနှယ်အလျင်အမြန်ပျံ့နှံ့သွားချေ၏။ တစ်ချိန်တည်းမှာပင်လင်းယို့၏ဖယ်ရိုမုန်းမှာလည်းရှားပါးလှသောဖြားယောင်နိုင်စွမ်းမြင့်ဖယ်ရိုမုန်းအမှတ်စဉ် H8901 ဖြစ်ကြောင်းပါပျံ့နှံ့သွားလေသည်။

ကျောင်းတွင်လင်းယို့၏ကျော်ကြားမှုမှာမနည်းသည့်အပြင် Alpha တို့ကိုမကြာခဏမြေကြီးထံတွန်းလှဲ၍ဖိထားနိုင်စွမ်းရှိလေရာ Omega အ​မြောက်အမြား၏နှလုံးသားကိုအရယူနိုင်ခဲ့ပေ၏။ ထို့ကြောင့်ပင်သူသည် Alpha တို့၏ဘုံရန်သူအလားပင်ဖြစ်လာခဲ့သည်။

ယခုတွင်ကားသတင်းပျံ့သွားပြီးနောက်တွင် Omega များမှာငိုကြွေးမိလုနီးပါးကြေကွဲကြရကာ ၊ Alpha များမှာတော့ထိုသတင်းအပေါ်စိတ်ဝင်စားမှုအပြည့်ရှိနေကြလျက်။ ထို Alpha တို့မှာဟာသတစ်ခုအနေနှင့်ကြည့်ရှုရန်လာရောက်ခဲ့ကြပြီး “ ထိပ်တန်းဖြားယောင်နိုင်စွမ်းမြင့် ” ဟူသည့်စကားလုံးကိုလည်းအလေးအနက်မမှတ်ယူခဲ့ကြပေ။

သို့ပေတည့်အဆုံးသတ်ရလဒ်အနေနှင့်သူတို့သည်လင်းယို့ကိုပြတင်းပေါက်မှမြင်တွေ့ရုံဖြင့်ပင်ရှက်သွေးဖြာမှုတို့ဖြစ်ပေါ်ရလာပြီးမည်သို့နှယ်ဆက်ပြုမူရမည်ပင်မသိတော့သည်အထိ။ လင်းယို့သည်ထိုသူတို့ကိုထူးဆန်စွာကြည့်လိုက်ပြီးမေးလိုက်၏။

" မင်းတို့ငါ့ကိုရှာတာဘာကိစ္စရှိလို့ ?တစ်ခုခုကိစ္စရှိလို့ရှာတာလား ?"

Alpha အုပ်စုမှာခေါင်းကုတ်မိသွားကာသူတို့မှာဟာသကြည့်ရန်လာရောက်ခြင်းဟုမပြောဆိုရဲကြတော့။

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Where stories live. Discover now