အခန်း - ( ၁၀ )【 U 】

2.1K 290 4
                                    

『 ခံစားချက်များနိုးကြားလာခြင်း။ 』

___________________________________

လင်းယို့သည်ရှန်ပိန်ပုလင်းများကိုထုတ်ယူလိုက်ပြီး ၊ လုချင်းယန်ကိုလှုပ်ခါပြလိုက်ကာ -

" ညကျတစ်ခွက်လောက်သောက်ကြမလား ?"

လုချင်းယန် : " မင်းရဲ့အဲ့ဒီတစ်ခွက်ပဲကနေရေချိန်ကိုက်သွားမှာ ၊ သောက်ရအောင်ဘာကိုသောက်မှာလဲ။ "

လင်းယို့မှာနှုတ်ခမ်းရှုံ့လိုက်ကာရှန်ပိန်များကိုပြန်ထည့်လိုက်ရပြီး ၊ စိတ်ထဲမှလည်းသည်ညသောက်ရန်တွေးလိုက်မိသည်။ ထို့နောက်နှစ်ဦးသားမှာခရီးဆောင်အိတ်ကိုချထားခဲ့လိုက်ကြလိုက်ကာ ၊ စားသောက်ရန်အတွက်အောက်ဆင်းလာခဲ့လိုက်ကြ၏။

သီးခြားတည်ရှိနေသည့်အဆောက်အဦးသုံးခုနှင့်ဗီလာဝင်းတွင်စားသောက်ဆိုင်များအနည်းငယ်ပေါများပြီး ၊ အထပ်တိုင်းတွင်လည်းကွဲပြားသည့်ပုံစံအမျိုးမျိုးရှိကာလုချင်းယန်နှင့်လင်းယို့တို့မှာအဆုံးတွင်တော့ဒုတိယထပ်ရှိထိုင်းစားသောက်ဆိုင်တွင်ဝင်စားလိုက်ကြသည်။ လင်းယို့မှာကားစားနေစဉ်၌ဗီလာဝင်းဖွဲ့စည်းပုံကိုလည်းကြည့်ရှုနေလျက်။

" လုချင်းယန် ၊ ဒီမှာမြင်းစီးလို့ရတဲ့နေရာရှိတယ်။ ဟိုတယ်ထဲမှာလည်းရေပူစမ်းရှိသေးတယ် ၊ ငါတို့ညကျရေပူစမ်းသွားရအောင်။ "

လင်းယို့သည်မြေပုံလှည့်၍လုချင်းယန်ထံပြလာပြီး -

" မင်းအစ်ကိုကအရမ်းကိုမကောင်းတဲ့ရည်ရွယ်ချက်ကြီးနဲ့ပဲ ၊ သူနဲ့ငါ့အစ်ကိုနေတဲ့ဗီလာမှာကျသီးသန့်ရေချိုးကန်ပါတယ်။ "

လုချင်းယန်တစ်ကိုယ်တည်းတွေးလိုက်မိသည်မှာကား ၊ ဒါကိုသာမကောင်းတဲ့ရည်ရွယ်ချက်လို့ခေါ်နေရင်အဲ့ဒါမင်းငါ့အစ်ကိုရဲ့များပြားလှတဲ့ဉာဏ်နီဉာဏ်နက်တွေကိုတကယ်မတွေ့ကြုံဖူးသေးလို့ပဲ။ ကံကောင်းသည်မှာလင်းယို့၏ဒေါသထွက်နေခြင်းသည်နှစ်စက္ကန့်မျှသာကြာမြင့်လိုက်ပြီးနောက်စိတ်လျှော့လိုက်ခြင်းပင်။

သူတို့တွေကအနာဂတ်ရဲ့တရားဝင်စုံတွဲပါပဲလေ ၊ သူ့အစ်ကိုကလည်းဆန္ဒရှိနေမှတော့သူလည်းကွတ်ကီးလေးလိုလိုက်ဆန္ဒပြနေစရာမလိုတော့ပါဘူး။

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Where stories live. Discover now