အခန်း - ( ၂ )【 U 】

3.1K 370 13
                                    

『 Omega ဖြစ်သည်။ 』

_______________________

လုချင်းယန်သည်လင်းယို့နှင့်အတူဆေးရုံ၏တတိယထပ်သို့လိုက်လာရပြီးယင်းအထပ်မှာ Omega ဖယ်ရိုမုန်းသီးသန့်အထပ်ပင်။ အောက်ထပ်ရှိလူပြည့်နေသောဆေးရုံ၏စောင့်ဆိုင်းရာနေရာနှင့်မတူဘဲသည်နေရာတွင်လူပိုနည်းသည့်အပြင်တိတ်ဆိတ်နေလျက်။ ထို့အပြင်လေထုထဲထက်၌စတော်ဘယ်ရီဖယ်ရိုမုန်းနံ့သည်အနည်းငယ်မျှပျံ့လွင့်နေပြီးမည်သည့်နေရာမှထွက်ပေါ်နေသည်ကိုမသိရချေ။ လုချင်းယန်ထိုရနံ့ကိုခံမိချိန်တွင်မျက်မှောင်ကျုံ့လျက်အကြောင်းမရှိငြင်းဆန်လိုမိကာ ၊ အဆိုပါရနံ့မှာလင်းယို့၏အခန်းထဲမှသစ်ခွပန်းရနံ့လောက်မျှကောင်းသည်ဟုမထင်မိပါပေ။

ယခုအကြိမ်သည်လင်းယို့အတွက်လည်းပထမဆုံးအကြိမ်ဤနေရာသို့ရောက်ဖူးခြင်းပေ ၊ သူသည် Beta ဖြစ်လေရာပုံမှန်အတိုင်းဆိုလျှင် Omega သီးသန့်အထပ်ကိုမည်သို့သွားရမည်ကိုပင်မသိခဲ့။ သို့ရာတွင်ယခုသူသည်ထမ်းစင်ထက်၌လဲလျောင်းနေရရပြီးသူသည်အမှန်ပင် Omega အဖြစ်သို့ခွဲခြားပြောင်းလဲသွားကြောင်းမှာမှန်မမှန်ကိုအသေးစိတ်စစ်ဆေးမှုများပြုလုပ်ရန်အခန်းသို့ပင်ဝင်ရမည်တော့မည်ဖြစ်၏။ သူ၏စိတ်တွင်ကားယင်းမှာစိတ်ကူးယဉ်ဖြစ်ရပ်တစ်ခုကဲ့သို့ပင်ခံစားနေရပြီးဆရာဝန်မှာလည်းအမှားပြုလုပ်မိခြင်းဖြစ်မည်ဟုခံစားနေရသည်။ သူသည်မနေနိုင်စွာပင်ခံစားချက်တို့လေးလံလာလျက်မသိစိတ်အရမျက်ဝန်းတို့ရွေ့လျားကာလုချင်းယန်ကိုလိုက်ရှာနေမိ၏။

ဤကြီးမားလှပါသောဆေးရုံထဲဝယ် ၊ သူသိရှိပါသည့်တစ်ဦးတည်းသောသူမှာလုချင်းယန်သာတည်း။ သူနှင့်အတူကြီးပြင်းလာကာသူ၏ကောင်းမွန်လှသောညီအစ်ကိုဖြစ်သူလုချင်းယန်ပေ။

လုချင်းယန်သည်လည်းစကားများများစားစားဆိုနေရန်အချိန်မရှိလေရာလင်းယို့၏လက်ကိုသာဖျစ်ညှစ်နေမိလျက်။ ထိုသူ၏လက်တို့မှာပူကျစ်နေကာသစ်ခွပန်းရနံ့တို့မှာလည်းပိုမိုပြင်းထန်စွာပေါ်ထွက်လို့နေပေသည်။ လုချင်းယန်သည်ထူထူအအနှင့်ပင်ထိုရနံ့မှာသစ်ခွပန်းရေမွှေးမဟုတ်သည့်အပြင်လင်းယို့၏ဖယ်ရိုမုန်းရနံ့ဖြစ်ကြောင်းကိုဝိုးတဝါးသဘောပေါက်သွားတော့၏။ ယင်းမှာချိုမြနူးညံ့သောရနံ့ဖြစ်ပြီးလူတို့၏နှလုံးသားကိုချိတ်ကောက်နှယ်ယားယံစေသည်မှာ လင်းယို့၏အကြောက်အလန့်ကင်းမဲ့သည့်သဏ္ဍာန်နှင့်လုံးလုံးကွဲပြားချေသည်။

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Место, где живут истории. Откройте их для себя