အခန်း - ( ၁ )【 U 】

4.5K 450 2
                                    

『 ပြောထားတဲ့ Beta ဆိုတာကရော။ 』

________________________

လင်းယို့ထံမှဖုန်းခေါ်ဆိုမှုဝင်လာချိန်တွင်လုချင်းယန်သည်နိုးလာခါစသာရှိသေးပြီး ၊ အနက်ရောင်ညအိပ်ဝတ်စုံကိုဝတ်ဆင်လျက်ခေါက်ဆွဲပြုတ်ကာမီးဖိုချောင်ထဲတွင်ပျင်းရိစွာရပ်နေပေသည်။ သူသည်ယခုနှစ်တွင်မှဆယ့်ခုနစ်နှစ်သာရှိသေးသော်လည်း သူ၏အရပ်မှာ 185cm သို့ရောက်နှင့်ပြီးဖြစ်၏။ ရွှေရောင်အဆင်းနှင့်နေရောင်ခြည်မှာမီးဖိုချောင်ပြတင်းပေါက်မှတဆင့်သူ့ထံဖြာကျနေကာ ၊ သူ၏ညအိပ်ဝတ်စုံမှကြယ်သီးတို့ကိုရှုပ်ထွေးစွာတပ်ထားလျက်ဝမ်းဗိုက်ကြွက်သားတို့မှာကားဝိုးတဝါးပေါ်နေပြီးဂျုံရောင်အသားအရည်တို့မှာအင်္ကျီအောက်တွင်မြင်နိုင်ပေသည်။

သူသည်သန်းဝေလျက်ခေါက်ဆွဲပြုတ်နေခြင်းသာဖြစ်သော်လည်းသူ၏သဏ္ဍာန်သည်ကားစတူဒီယိုထဲ၌ပုံရိုက်ယူနေသည့်အလား။ လင်းယို့ထံမှဖုန်းခေါ်ဆိုမှုဝင်လာချိန်တွင်သူသည်များများစားစားမတွေးမလိုက်ဘဲ ၊ ထိုသူသည်ကစားရန်ခေါ်နေသည်ဟုထင်မှတ်လျက်တခဏမျှစောင့်ဆိုင်းဖို့ဆိုရန်ပြင်လိုက်ချိန်တွင် လင်းယို့၏အားနည်းလှသည့်အသံလေးမှာနားထဲဝင်ရောက်လာခဲ့၏။

" လောင်လု ၊ ကူကယ်ပါဦး။ ငါဖျားနေပြီထင်တယ် ၊ ထလည်းမထနိုင်ဘူး။ ငါ့ကိုလာခေါ်ပြီးဆေးရုံပို့ပေးပါ။ "

လုချင်းယန်သည်မှင်သက်သွားရ၏။ သူ၏လင်းယို့အပေါ်နားလည်မှုအရဆိုလျှင်ထိုသူသည်အမှန်ပင်ဖျားနာမှုကြောင့်မထနိုင်ဖြစ်နေသည့်တိုင် ၊ လုချင်းယန်ကိုလှမ်းအကူအညီတောင်းရန်မဖြစ်နိုင်ပေ။ လုချင်းယန်သည်ခေါက်ဆွဲပြုတ်အိုးကိုအလျင်မီးပိတ်လိုက်ပြီး -

" မင်းငါလာတာကိုစောင့်နေ။ "

သူသည်အဝတ်အစားလဲနေရန်ကိုမတွေးနိုင်သောကြောင့်အနက်ရောင်အပေါ်ဝတ်ကိုသာယူဝတ်လိုက်ပြီး ၊ ဂျင်းဘောင်းဘီတို့ဝတ်ဆင်လိုက်လျက်အပြင်ထွက်လာခဲ့သည်။ ကံကောင်းစွာဖြင့်လင်းယို့၏အိမ်မှာသူ့အိမ်၏မျက်နှာချင်းဆိုင်တွင်ရှိလေရာ ၊ ထိုအိမ်သို့ရောက်ရန်အချိန်ငါးမိနစ်မျှသာကြာပေ၏။ လုချင်းယန်သည်လင်းယို့အိမ်၏ဒုတိယထပ်သို့ရောက်လာချိန်၌ဖော်ပြရခက်သည့်အနံ့ကိုရလိုက်သည်။ ပန်းကဲ့သို့နူးညံ့ညင်သာဟန်နှင့်ရနံ့သည်လေထုထဲတွင်မျောပါနေလျက်လူတို့ကိုအလိုလိုရှက်သွေးဖြာနိုင်စေကာပိုမိုရှုရှိုက်ချင်စိတ်တို့ကိုဖြစ်ပေါ်စေ၏။

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Where stories live. Discover now