အခန်း - ( ၇ )【 U 】

2K 285 11
                                    

『 အမျိုးသားနေ့နှင့်မင်္ဂလာသတင်း 』

_________________________________

လင်းယို့သည်ရွှယ်ယီရှင်းတို့အဆောင်ခန်းတွင်တစ်နာရီမျှနေထိုင်ခဲ့ပြီးကြောင်လေးများကိုစွဲလမ်းစွာပွတ်သပ်ရခြင်းကိုတဝကြီးပြုပြီးခါအင်တင်တင်ဖြင့်သူကျွမ်းဝင်ခဲ့သောကြောင်လေးနှစ်ကောင်ကိုလက်ပြနှုတ်ဆက်ခဲ့လေသည်။ ကြောင်လေးများအပြင်ထန်ချီနှင့်လည်းကောင်းကောင်းကစားခဲ့ရကာ ၊ ထန်ချီမှာအနည်းငယ်တသီးတသန့်နေတတ်သော်ငြားအလွန်ပင်စိတ်ထားနူးညံ့ပြီးတိရစ္ဆာန်ငယ်လေးများနှင့်လူတို့အပေါ်အင်မတန်စိတ်ရှည်တတ်၏။

လင်းယို့သည်ကားထန်ချီကိုအားလျှင်သူတို့အဆောင်ခန်းထံလည်းလာလည်နိုင်ကြောင်းဖိတ်ခေါ်လိုက်ပြီး ၊ ထန်ချီမှာလည်းပဲပေါက်ရွက်လေးကိုလက်မောင်းတို့ကြားချီထားလျက်ခေါင်းညိတ်ပြလာကာပဲပေါက်ရွက်လေး၏ခြေဖဝါးလေးကိုင်ထားလျက်ဖြင့်နှုတ်ဆက်လာသည်။ အဆောင်ခန်းထံပြန်လာပြီးနောက်တွင်လုချင်းယန်သည်အင်္ကျီချိတ်နေရင်းလင်းယို့ထံဆိုလာ၏။

" အဲ့ဒီရွှယ်ယီရှင်းက Omega နဲ့သိပ်မတူဘူး။ "

" ဘာလို့တုန်း ?"

လင်းယို့သည်ဂျယ်လီထုပ်ကိုကိုက်ဖောက်လိုက်ကာပါးစပ်ထဲထည့်လိုက်ပြီး -

" သူ့မှာ(ဖယ်ရိုမုန်း)အနံ့မထွက်လို့လား ?ဒါပေမဲ့အခုတော်တော်များများကတားမြစ်ဆေးသုံးလာကြပြီလေ။ "

လုချင်းယန်သည်ပြန်တွေးကြည့်လိုက်ကာ : " ငါပဲထင်ယောင်ထင်မှားဖြစ်တာလားမသိပေမဲ့ ၊ သူ့ဆီကနေထင်းရှုးအနံ့ရနေတယ်။ ဒါပေမဲ့ Omega နဲ့တူတာမဟုတ်ဘဲ ၊ Alpha နဲ့ပိုတူနေတာ။ "

ထိုရနံ့မှာခပ်ရေးရေးမျှဖြစ်သည့်တိုင်အလွန်မာန်ပါသည့်ခံစားချက်ကိုပေးစွမ်းနိုင်လေရာလုချင်းယန်မှာမသိစိတ်အရတွန်းကန်နေမိလျက်။ သို့သော်ငြားယင်းမှာခပ်ရေးရေးမျှသာပေါ်လာပြီးအမြန်ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။

" ငါအတွေးများနေတာလည်းဖြစ်နိုင်ပါတယ်။ "

လုချင်းယန်သည်ထိုအကြောင်းကိုဆက်မတွေးနေတော့ကာကြောင်မွှေးတို့ဖုံးလွှမ်းနေသည့်လင်းယို့ကိုသာရေအမြန်ချိုးခိုင်းလိုက်၏။ ဤသို့ဖြင့်ရက်အနည်းငယ်မျှဖြတ်သန်းလာပြီးနောက်တွင်စက်တင်ဘာလသည်လည်းကုန်ခါနီးလာကာလင်းယို့၏ခွဲခြားခြင်းကာလမှာလည်းအဆုံးတွင်ပြီးသွားပြီဖြစ်သည်။

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Unde poveștirile trăiesc. Descoperă acum