"​လေယာဥ်​ပေါ်မှာ​တော့ စားလာခဲ့တယ်"

"ဗိုက်ပြည့်မှာမလို့လား ၊ ခဏ​နေကျရင် တစ်ခုခုထပ်စား"

"အင်း"

လွန်ခဲ့သည့်နှစ်ရက်တာအတွင်း နှစ်​ယောက်သားက များများစားစားစကားမ​ပြောဖြစ်ခဲ့သလို ​ပြောထားသည့်စကားလုံးတိုင်းသည်လည်း Wechat မှတဆင့်သာဖြစ်သည်။ သည့်ထက်အပြင် ​နောက်ဆုံးအကြိမ်စကား​ပြောခဲ့သည်မှာလည်း သာသာယာယာအ​ခြေအ​နေမျိုးမဟုတ်သည့်အတွက် လက်ရှိအချိန်၌ နှစ်​ယောက်သားကြားရှိ​လေထုမှာ အနည်းငယ်ကသိက​အောက်နိုင်​နေ​လေသည်။

ဝိန်းရိဖန်က စန်းရန်အား မသိမသာလှမ်းကြည့်လိုက်၍ ;

"ငါတို့က အခု ယီဟယ်တက္ကသိုလ်ဘက်ကို သွားမှာလား"

စန်းရန်၏ 'အင်း' ဆိုသည့်အသံတစ်ခု။

တက္ကသိုလ်တက်ခဲ့သည့်အချိန်နှင့် အလုပ်လုပ်ခဲ့သည့်အချိန်တို့ကို ​ပေါင်းလိုက်လျှင် ဝိန်းရိဖန်သည် ဤမြို့ထဲ၌ ၆နှစ်ကြာကြာ ​နေခဲ့ဖူးသည်။

၂နှစ်နီးပါး​ ဝေးကွာခဲ့ပြီး​သော်လည်း ဤမြို့ကို ရင်းနှီး​နေဆဲပင်။

"အဲ့ဘက်သွားမှာဆိုရင် ​​လေယာဥ်ဘတ်စ်ကား​တွေက လမ်းကြုံတာမလို့ စီးလို့ရတယ် ၊ ဒါမှမဟုတ်လည်း ငါတို့နှစ်​ယောက်တည်း တက္ကစီငှားပြီး ယီဟယ်တက္ကသိုလ်ဆီတိုက်ရိုက်သွားလည်း..."

စကားမဆုံးခင် စန်းရန်က အ​ရှေ့မှဦး​ဆောင်သွားနှင့်​နေမှန်း ဝိန်းရိဖန် သတိထားမိလိုက်​တော့သည်။ သူမ၏အသံတို့မှာ သိမ်ဝင်သွားခဲ့ရ၍ ;

"အို့.....နင်က အခု​လေးတင် အဲ့ဘက်ကပြန်လာတာဆို​​တော့ လမ်း​တွေမှတ်မိ​နေ​လောက်မှာ"

စန်းရန် ;

"အင်း.....တက္ကစီတားရ​အောင်"

"​ကောင်းပြီ"

နှစ်​ယောက်သားက ​လေဆိပ်၏​ဘေးနားတွင်ရှိသည့် ကားရပ်ထား​သော​နေရာဆီမှ တက္ကစီတစ်စီးကို ငှားလိုက်သည်။

ဝိန်းရိဖန် ကားအ​နောက်ခန်းထဲသို့ အရင်ဝင်ကာ 'ယီဟယ်တက္ကသိုလ်'သွားမည့်အ​ကြောင်း ကားဆရာထံ အသိ​ပေးလိုက်သည်။ ​နောက်တွင် စန်းရန်က ကားထဲဝင်လာပြီး သူမ ရှိရာဘက်သို့တစ်ချက်လှမ်းကြည့်ကာ ထုံးစံအတိုင်း လုံခြုံ​ရေးခါးပတ်ပတ်​ပေးရန် အနားသို့ကပ်လာခဲ့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now