"မဟုတ်ဘူး ၊ ငါနဲ့သူနဲ့က အဲ့​လောက်ထိဆုံမိကြတာမျိုး မဟုတ်ဘူး ၊ ငါ အရင်တုန်းက သူ နန်းဝူမှာရှိ​နေမှန်း​တောင် သိခဲ့တာမဟုတ်ဘူး ၊ ပြီး​တော့ ဒီအ​တောအတွင်းလည်း မ​တွေ့....."

"ဒီအ​တောအတွင်း....."

စန်းရန်က ဝိန်းရိဖန်၏စကားကို ဖြတ်​ပြောလိုက်၏။

"အဲ့​တော့ ဘယ်​လောက်ကြာ​နေပြီလဲ"

"...."

"ဝိန်းရိဖန် ၊ 'တစ်ခုခုဆိုရင် ကိုယ့်ကို​ပြော'...."

စန်းရန် ​ဒေါသထွက်ထွက်ဖြင့်ရယ်လိုက်ပြီး ;

"အဲ့စကားကို ဒီအ​တောအတွင်းမှာ ကိုယ် ဘယ်နှကြိမ်​​တောင်ပြောခဲ့လဲ"

ဤမျှထိအချိန်​တွေကြာလာပြီး​နောက်တွင် စန်းရန်ထံမှ သူမ၏နာမည်အရင်းကို ထပ်​ခေါ်လာသည့်​လေသံမျိုးကြားလိုက်ရသည့်အခါ ဝိန်းရိဖန် ဆွံ့အ​ကြောင်အမ်းသွားရ​တော့၏။ နှုတ်ခမ်းကိုဖွင့်ဟလိုက်​မိသော်လည်း စကားဆိုဖို့မရဲပါ​တော့​ချေ။ အ​တော်​လေးကြာသွားပြီး​တော့မှသာ ;

"​တောင်းပန်ပါတယ်"

စန်းရန် သူမအား မမှင်မ​သွေစိုက်ကြည့်​နေ၏။

"ငါ​ တွေးထားတာက ဒီလိုကိစ္စမျိုးအတွက်​ကြောင့်နဲ့ ငါတို့နှစ်​ယောက်ကြားက​ စိတ်ခံစားချက်​တွေကို ​ထိခိုက်ခံစရာမလိုဘူးလို့​လေ ၊ ပြီး​တော့ ဒီကိစ္စက ငါ့အ​နေနဲ့​တွေးကြည့်ရင် ကြီးကြီးမားမားကိစ္စမဟုတ်ဘူး ၊ ငါ့တစ်​ယောက်တည်း ​​ဖြေရှင်းနိုင်တယ်လို့လည်းတွေးထားတာ"

"ကြီးကြီးမားမားကိစ္စ မဟုတ်ဘူးလို့တွေးထားတယ်ဟုတ်လား"

စန်းရန်၏စကား​​ပြောသံမှာ ညင်ညင်သာသာဖြစ်​သော်ငြား ​နွေး​ထွေးမှုတစ်စုံတစ်ရာမပါ​ချေ။

"ဒါဆို ဘယ်လိုကိစ္စမျိုးကမှ ကြီးကြီးမားမားကိစ္စလဲ"

ဝိန်းရိဖန် ပြန်မ​ဖြေမိ​ပေ။

"ကိုယ် တစ်ခွန်း​မေးမှ မင်း တစ်ခွန်း​ဖြေ​တော့မှာလား ၊ တကယ်ပဲ တစ်ခုခုဖြစ်သွားခဲ့ရင်​တောင် မင်းအတွက်​တော့ ကြီးကြီးမားမားကိစ္စမဟုတ်ဘူးဆိုပြီးလုပ်​နေဦးမှာလား ဟုတ်လား"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Où les histoires vivent. Découvrez maintenant