လှည့်ကွက်⭕²⁴

Start from the beginning
                                    

စံအိမ်ထဲက ဒုတိယသားကတော့ Nattawat Jirochtikul ကိုလုပ်ကြံဖို့ တစ်‌ရွေ့ရွေ့သွားနေသည်။ သူတို့အပေးအယူလုပ်ထားတာက

သူတို့ Nattawat ကိုသာလုပ်ကြံနိုင်ရင် နှစ်ယောက်ထဲကတစ်ယောက်အရင်နန်းတက်ရမှာ။

အကိုအကြီးဆုံးကပိုပြီးဖြစ်နိုင်တယ်။ ဒါကြောင့်သူနဲ့ပူးပေါင်းပြီး မယ်တော့်အချစ်တော်လေးကိုလုပ်ကြံရမယ်။

အကိုတော်က ခပ်တုံးတုံးရယ်ပါ သူ့ဆီကထီးနန်းကို ခလေးဆီကမုန့်လုသလို လုလို့ရလို့။ ဒီပြဿနာကောင်ကိုအရင်ဖြေရှင်းရမယ်။

_____

တစ်ဖက်တွင်~~~

"ဘာ!!!!"

"ဟုတ်တယ် မယ်တော်၊ သူ့ဆီက အချက်အလက်တွေရဖို့ ကျတော်သူ့ကိုပူးပေါင်းချင်ယောင်ဆောင်ခဲ့တာ"

"‌မင်းပြောတာ အမှန်တွေလား"

"ဟုတ်ပါတယ် မယ်တော်၊ အခုဆို သူကညီငယ်တော်လေးကိုဒုက္ခများပေးနေပြီလားမသိဘူး၊ အမြန်သွားရအောင်"

"မင်း...နေဦး။ ငါကအဲ့စံအိမ်တော်ကိုသွားရမယ်?"

"ဟုတ်တယ်မယ်တော်။ ညီငယ်တော့်အသက်ကိုမမှီချင်ရင် စဉ်းစားပါဦး၊ မှီချင်ရင်တော့ ကျတော်ကိုယ်တိုင်လိုက်‌ပို့ပေးမယ်"

"သူတို့ခေါင်းဆောင်ရော ရှိသလား"

"သခင်ကြီးဆိုသူက တစ်ခြားပြည်တစ်ခုမှာရှိနေတယ်၊ ဒီမှာက သူ့သားပဲရှိတာ သူ့သားကလည်းအဖမ်းခံထားရတယ်။ ကျတော်တို့လမ်းကြောင်းရှင်းတယ်"

"လှည်း‌ယာဉ်စီစဉ် အခုချက်ချင်းသွားမယ်"

ဟင်းဟင်း...မင်းကငါ့ကိုသိပ်အထင်သေးလွန်းသွားပြီ ညီတော်။ ငါကမင်းရဲ့အကိုပါ...မင်းလောက်ကတော့ ထမင်းစား ရေသောက်‌သလောက်တွေးတတ်တယ်။

ထိုသို့ဖြင့် စီစဉ်ထားတဲ့အတိုင်းပဲ မယ်တော်ကအဲ့စံအိမ်ကိုသွားနေတယ်။ ဟိုရောက်ရင် Nattawat ကသေနေလိမ့်မယ်၊ ညီတော်လက်ချက်နဲ့ဆိုတာကိုမယ်တော်သိမယ်။ နှစ်ယောက်လုံးမရှိတော့တဲ့အခါ...ကျတော်ဟာ ဘုရင်တစ်ပါးဖြစ်လာမှာ။

မင်းလိုမြောင်းကူးစရာတောင်မလိုဘူး။

_______

Married To The Death ManWhere stories live. Discover now