"ဒီလိုလား"

ဝမ်ရိပေါ်က ခေါင်းညိတ်လိုက်ပြီး ခုံမှာပြန်ထိုင်တယ်၊ အဲဒီနောက်တော့ ဖတ်လက်စ လျှောက်တင်လွှာကို ကောက်ကိုင်ပြီး။

"ဒါဆိုလဲ မယ်တော်ဟိုတစ်ခါလာတုန်းက ပြောသွားတဲ့ကြက်ကြော် ကြော်ထားဖို့ တော်ဝင်စားတော်ကဲကို ပြောလိုက်.. အဲဒါကို သူတို့နှစ်ယောက်လုံး ကြိုက်ကြတယ်"

နန်းတော်ထဲမှာ ကြက်ကြော်ကြော်ထားပြီး စောင့်နေပေမဲ့ မယ်တော်ကြီးနဲ့ ဧကရီကတော့ ပြန်ရောက်မလာခဲ့ဘူး၊ သူတို့နှစ်ယောက်က နန်းတော်ကို ပြန်လာရမဲ့အစား စစ်ရေးလေ့ကျင့်ရေးကျောင်းကို သွားကြတာပါ။

အရင်တုန်းကတော့ မင်ကျောက်မှာ စစ်သည်လေ့ကျင့်ရေးကျောင်းဆိုပြီး သီးသန့်မရှိခဲ့ဘူး၊ ဒါပေမဲ့ ပေမင်အင်ပါယာဖြစ်လာတော့ ဧကရာဇ်က သီးသန့်ဝင်ခွင့်စာမေးပွဲကျင်းပပြီး စစ်မှုရေးရာသင်တန်းကျောင်းအတွက် ကျောင်းသားတွေ ခေါ်ယူခဲ့တယ်၊ အဲဒီစာမေးပွဲက တော်ဝင်ပညာရှိစာမေးပွဲနီးပါး ခက်ခဲတယ်။

သိပ်မကြာခင်မှာ စာမေးပွဲကျင်းပဖို့ရှိနေတာမို့ လေ့ကျင့်ရေးကွင်းထဲမှာ ကျောင်းဝင်ခွင့်အတွက် ပါဝင်ယှဉ်ပြိုင်ကြမဲ့ အိမ်တော်သခင်လေးတွေ၊ လူငယ်လူရွယ်တွေနဲ့ ပြည့်နေတယ်၊ ဝမ်ထျင်းရှီက စင်မြင့်ထက်မှာထိုင်ပြီး ပေမင်ရဲ့အနာဂတ် သားကောင်ရတနာလေးတွေကို ကြည့်နေတယ်၊ မျက်နှာပေါ်က ကျေနပ်ပျော်ရွှင်မှုက ဖုံးဖိမရနိုင်အောင် သိသာလွန်းတယ်။

"ငယ်ရွယ်တာက ကောင်းလိုက်တာ"

"အပိုပြောတာမဟုတ်ဘူး.. ဒီမှာက ပေမင်ရဲ့အချောဆုံး ယောက်ျားတွေ စုနေတဲ့နေရာပဲ"

ရှောင်းကျန့်က ရယ်ကျဲကျဲနဲ့ ပြောလာတယ်။

"အရင်တုန်းကဆို တစ်စုံတယောက်ရဲ့ မိဖုရားဖြစ်သွားပြီးဆိုရင် စည်းကမ်းတွေအများကြီးရှိခဲ့တာ.. အခုလိုမျိုး ချောတဲ့ကောင်လေးတွေကို စိတ်ကြိုက်ကြည့်ခွင့်ရှိဖို့ ဝေလာဝေးပဲ.. အခုက အတော်လေး အနေချောင်သွားပြီ.. ခိုးကြည့်စရာမလိုဘူး.. အပေါင်းအဖော်နဲ့အတူ စင်ပေါ်ကနေတောင် ကြည့်လို့ရတဲ့ခေတ် ရောက်နေပြီ"

He Dufo [何渡佛] •COMPLETED•Where stories live. Discover now