||2||

226 13 0
                                    

လရောင် သငယ်ချင်းဖြစ်သူအိမ်မှအပြန်လမ်းတလျှောက်လုံး မြို့ပျက်ကြီး အကြောင်းမှာ ခေါင်းထဲတွင်နေရာယူလျက်။

ထိုမြို့ကတ‌စုံတယောက်ကို သူသနားမိတယ်။ဒါပေပမယ့် ထိုလူဟာ ဘသူမှန်းလဲသူလဲသေချာမသိ။ဒီခံစားချက်ကြီးအား သူမနှစ်သက်ပါ။ ငယ်စဉ်ကတည်းက အိမ်ကအလိုလိုက်အကြိုက်ဆောင်ပေးခဲ့သဖြင့် သူ့ဘဝမှာ မည်သည့်အခါမှထိုကဲ့သို့မခံစားခဲ့ရဘူးပေ။

အိမ်ပြန်ရောက်တော့ မာမီတို့ကတော့ပြန်မရောက်သေး အချိန်ကလဲ ညနေ4နာရီ ဖြစ်နေပြီမလို့ သူရေချိုးရန်သာ ဆုံးဖြတ်လိုက်သည်။ ရေချိုးခန်းထဲတွင် ရှုပ်ထွေးနေသောခေါင်းအား ရေပန်းအောက်ထဲဝင်၍ ဆေးကြောလိုက်သည်။

ရေချိုးသန့်စင်ပြီးနောက် အပြင်လဲပြန်မထွက်တော့သဖြင့် တခါထဲ ညဝတ်အင်္ကျီကိုသာဝတ်၍ အောက်ထပ်သို့ဆင်းလာခဲ့သည်။
အောက်ထပ်ဧည့်ခန်းတွင် မာမီနှင့်ဒယ်ဒီထိုင်နေသည် အားတွေ့၍ သူလဲ ထိုနားသို့သွားထိုင်လိုက်တော့သည်။

မာမီနှင့်ဒယ်ဒီကတော့ သူ့ကိုတွေ့တော့ အံ့ဩနေသလိုရုပ်တွေနဲ့ မသိရင် မတွေ့ရတာကြာတယ့်သားကို အခုမှပြန် တွေ့လိုက်ရသလိုနဲ့။

"ကို.....ဒါ ကျွန်မသားလေးတော့ ဟုတ်ပါတယ်နော်"

မာမီမှ လရောင်အားကြည့်၍ဆိုလိုက်၏။

"ဟုတ်ပါတယ် "

ဦးဥက္ကာမှ ဇနီးဖြစ်သူအား ပြောလိုက်ခြင်းဖြစ်သည်။

"ကြားသားမိုးကြိုးပါလား အိမ်မှာကပ်လို့ "

"ဟာဗျာ မာမီကလဲ ဘာလဲအိမ်မှာ မနေရဘူးလား အခုထသွားလိုက်တော့မယ်"

"အမလေး အဖေရာယ် ထတော့မသွားပါနဲ့ ကျွန်မကလေ အံ့ဩလို့ပါ ခါတိုင်းစို မနက်မိုးလင်းမှပြန်လာတယ့်သူက ခုတော့ နေမဝင်သေးဘူး အိမ်ပြန်ရောက်နေလို့.......အမယ်ရေချိုးပြီး ညဝတ်အင်္ကျီတောင်ဝတ်ထားလို့ပါလား"

ဒေါ်နန်းမြတ်နွယ်က လရောင်အားသေချာအကဲခတ်၍ပြောနေလေရဲ့။

လရောင်မှာတော့ မာမီစကားကြောင့်နှုတ်ခမ်းလေး ဆူကာ ဟိုဘက်လှည့်နေတော့သည်။

A ruined city    [Ongoing]Where stories live. Discover now