||15||

98 5 1
                                    

အကျဉ်းထောင်ဝင်းထဲမှ မြတ်သူအား zackက ထမ်းကာ လရောင်တို့စခန်းချရာနေရာသို့သွားကာ လရောင်ပါလာသောဆေးများနှင့် တတ်သလောက်မှတ်သလာက်လေးကုပေးထားသည်။ဒဏ်ရာတွေက ရက်ပိုင်းလောက်ဆိုပျောက်သွားမှာပါလို့ ကိုကို ကတော့ပြောပါတယ်။ဒါပေမယ့် လရောင်ဒီတိုင်းလဲ မထားချင်၍ သေချာလေး ဆေးကြော၍ ပတ်တီးစည်းပေးထားလိုက်သည်။အကိုမြတ်သူကတော့ ခုထိသတိမရသေးပေ။ငပိုင်မှာလဲ သူ့ကြောင့်ပါစိုပြီး အငိုမရပ်။မနေနိုင်တယ့်အဆုံး လရောင်ကဘဲ ဝင်ချော့ရတော့သည်။

"ကဲပါ ငပိုင်ရာယ် ငိုမနေပါနဲ့ ကိုမြတ်သူက ဘာမှမဖြစ်တော့ပါဘူး.."

"အဟင့် .....ငါ့ကြောင့် ငါ့ကြောင့် သူခုလိုဖြစ်ရတာ ငါပြောလိုက်လို့''

"မင်းကြောင့်မဟုတ်ပါဘူးကွာ ကိုမြတ်သူက မင်းကိုတအားချစ်တာလေ အဲ့တော့ ကိုယ်ချစ်တယ့်လူကို ကာကွယ်တာဘဲလေ.....ကိုမြတ်သူမှမဟုတ်ဘူး ငါဆိုလဲ အဲ့လိုဘဲလုပ်မိမှာဘဲ။မင်းက မချစ်တတ်သေးလို့ပါ"

"ဟင့်....ဟင့် သူ....သူကဘယ်တော့ သတိပြန်ရမှာလဲ"

"မကြာတော့ပါဘူး ခုဆေးတွေထည့်ပေးထားတယ်"

"......"
ထို့နောက် ဂျွန် ငစိုင်းနှင့် အောင်မြတ်တို့လဲ ရောက်လာ၍ ငပိုင်အား ဝိုင်း၍နှစ်သိမ့်နေကြသည်နှင့် လရောင်လဲ ကိုကိုနှင့်အတူ အပြင်သို့ထွက်လာလိုက်သည်။

"ကိုကို ကိုမြတ်သူက ပြန်ကောင်းမှာပါနော်"

"အင်းကောင်းမှာပါ ကလးရာယ်။ကြာတော့ကြာအုံးမယ် သူ့ဒဏ်ရာကများတော့ ခုချိန်မှာ အားကတော့နည်းနေမှာ ဒဏ်ရာတွေကတော့ ရက်ပိုင်းလောက်နဲ့ပျောက်မှာလေ"

"အင်းပါ အာ့စိုလဲပြီးတာဘဲ။ကိုကိုရော ဒဏ်ရာတွေက အရမ်းနာနေလား"

"နာတာပေါ့"

"ဟင်အ့စို လရောင် ဘာလုပ်ပေးရမလဲဟင်?"

"နမ်း"

"ဟမ်??"

"နမ်းလို့...ကိုယ့်ကိုနမ်း"

"ကိုကိုနော် သက်သက်လူလည်ကျတာ"

"ဘာလဲ ကလေးက မနမ်းချင်ဘူးလား။အင်းပေါ့ ကိုကိုက လူမှမဟုတ်တာ မကောင်းဆိုး....."

A ruined city    [Ongoing]Where stories live. Discover now