||16||

83 5 1
                                    

"အင်းးးးးး"

နာကျင်မှုအားလျစ်လျှူရှုကာ ပတ်ဝန်းကျင်အားတချက်ကြည့်၍ မြတ်သူ အိပ်နေရာမှ ထထိုင်လိုက်သည်။

"နိုးပြီလား"

အသံလာရာသို့ကြည့်လိုက်တော့ သူ့ဘေးတွင် သခင်လေးလရောင်အားရင်ခွင်ထဲထည့်ကာ လှဲနေသော သခင်ကြီး။

"ဟုတ်"

"ပြန်အိပ်နေ မင်းလူကအိပ်တုန်း"

"ဗျာ?"

မင်းလူဆိုလို့ မြတ်သူ ချာတိတ်အားရှာလောက်တော့ သူ့ဘေးတဖက်မှာ ကွေးကွေးလေးအိပ်နေတယ်။ချာတိတ်အိပ်နေတယ်ဆိုမှ သူလဲ ထိုင်ရာမှပြန်လှဲလိုက်သည်။

"သက်သာလား"

"ဟုတ်သက်သာပါတယ်"

"အင်း မင်းခုတော့ အားနည်းနေအုံးမှာပေါ့ ရက်ပိုင်းလောက် ခနနားလိုက်"

"ဟုတ်ရပါတယ်ဗျ....... ခုတလောleoဘက်က စတိုက်ခိုက်လာပြီဆိုတော့ ကျွန်တော် သခင်ကြီးတို့ကို ကာကွယ် ရပါအုံးမယ်။"

မြတ်သူစကားကြောင့် zackပြုံးမိသည်။မြတ်သူဆိုတာ သူနဲ့အတူတူ ဟိုးအရင်ထဲက ရှိနေခဲ့တယ့် တဦးတည်းသောသူ။သူလိုအပ်တာမှန်သမျှ မညီးမညူ အကုန်လုပ်ပေးတယ်။မြတ်သူက ကိုယ့်အတွက်ဆို သူ့အသက်ကိုပါ ရင်ပြီး ကာကွယ်ခဲ့တာလဲ ခုမှမဟုတ် အရင်ကဆို leoလက်ချက်ကြောင့် မြတ်သူ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ရတော့ သူအတတ်နိုင်ဆုံး ကယ်ပေးခဲ့ရတာ။သူ မြတ်သူအ‌ေပါ် ညီကိုတယောက်လို အဖေတယောက်လို သငယ်ချင်းတယောက်လို ဆက်ဆံပေးခဲ့တယ်။အဲ့လိုဆက်ဆံပေးလို့လဲ မြတ်သူက ရောင့်တက်မလာဘူး သူ့အပေါ်အရာရာ နားလည်ပေးတယ် သီးခံပေးတယ်။သူမောင်းထုတ်ရင်တောင် "ကျွန်တော့်ကို သခင်ကြီးနားမှာ ကာကွယ်စောင့်ရှောက်ခွင့်တော့ပေးပါ သခင်ကြီးမကြိုက်ရင် အနားကိုမလာပါဘူး အဝေးကဘဲစောင့်ရှောက် ပါရစေ"ဆိုပြီး ကပ်တွယ်နေတာ ခုချိန်ထိဘဲ။

"ကဲပါ.....အဲ့တာတွေခန ထား ခုတော့ မင်းလူကိုသာအရင်သာဂရုစိုက်လိုက်အုံး မင်းသတိမေ့နေတုန်းက ဆက်တိုက်ငိုထားတာ"

"ဟုတ်"

"အဟက်.......တယောက်ကလဲ ပြောတော့သာမချစ်ဘူးတယ့်။တယောက်ကလဲ အသက်ပေးပြီးတော့ကို ချစ်မှာပါတယ့်။ကြောင်တောင်တောင်တွေနဲ့။"

A ruined city    [Ongoing]Where stories live. Discover now