||9||

156 7 3
                                    

"ဟုတ်....ဟုတ်ပါတယ် ကိုယ်က....ကိုယ်က မကောင်းဆိုးဝါးတကောင်ပါ"

လရောင်အားဝန်ခံပြီးသည်နှင့် zackခေါင်းကို ငုံ့ချလိုက်သည်။

သူကြောက်သည် ကလေးငယ်က သူ့အားထားသွားမည်ကို သူသေလောက်အောင်ကြောက်သည်။အရင်ဘဝက သေကွဲကွဲခဲ့ပြီးပြီ ဒီဘဝတော့ သူ့ရဲ့နောက်ဆုံးချိန်ထိ ကလေးငယ်နဲ့အတူ အချိန်တွေကုန်ဆုံးချင်သေးသည်လေ။

လရောင်သူ့ရှေ့က ခေါင်းငုံ့၍ ငူငိုင်နေသော သူအား ကြည့်နေလိုက်သည်။အိုးကမပူစလောင်းကပူနေတယ် ကိုယ်က ဘာမှမပြောရသေး သူက ချက်ချင်း ပြို့တော့မယ့်မိုးလို မျက်နှာငယ်လေးနဲ့ ဖြစ်နေလေရဲ့။

"ဒီမှာ..."

"ဗျာ!"

"ခဗျား ဘာလို့ လိမ်ထားတာလဲ?"

"ကိုယ်.....ကိုယ်....ကိုယ်က"

"ကဲပါ ပြောမှာဖြင့်ပြောစမ်းပါ တကိုယ်ကိုယ်နဲ့ စိတ်ကိုမရှည်ဘူး"

စိတ်မရှည်လို့ ငေါက်လိုက်တော့ ချက်ချင်းခေါင်းမော့လာလေရဲ့။

"ဟုတ်....ဟုတ် ကိုယ်က ဟို ...လရောင်အနားရှိချင်လို့ပါ"

"ဘာ!!"

ဖြေတယ့်လူ ကဖြေနေပေမယ့် ကိုယ်က ကြောင်နေစဲ။ဘာကြောင့်ကိုယ့်အနားရှိနေချင်တာလဲ။ကိုယ်နဲ့သူနဲ့က မနေ့တနေ့က တွေ့ကြတယ့်လူတွေလေ။ဒါတောင် ဒီမြို့ကြီးကို လာလို့တွေ့တာ မလာခဲ့ရင် တွေ့ဖြစ်ကြမှာမှမဟုတ်တာ။

"ခဗျားက ဘာလို့ကျွန်တော့ အနားရှိချင်တာလဲ ကျွန်တော့နဲ့ခဗျားက တွေ့ဖြစ်တာလဲမကြာသေးဘူး တယောက်နဲ့တယောက်လဲနာမယ်ဘဲသိကြတာ တခြားဘာအကြောင်းမှသိတာမဟုတ်ဘူး"

"ဟုတ်ပါတယ်...လရောင်က ကိုယ့်ကို မနေ့တနေ့က မှတွေ့တာပါ ကိုယ်ကတော့လရောင်ကို အရင်ဘဝထဲတွေ့လာခဲ့တာပါ"

"ဘာ??"

"ကိုယ် ဝန်ခံပါရစေ ....ကိုယ် ....ကိုယ်လရောင်ကိုချစ်တယ်"

"ရူးနေလား ခဗျား!!?"

"ကိုယ် တကယ်ပြောတာပါ ကိုယ်လရောင်ကို တကယ်ချစ်တာပါ အရင်ဘဝက ကိယ်နဲ့လရောင် ဝေးခဲ့ရတယ် ဒီဘဝ‌ေတာ့ ကိုယ်အဲ့လို ထပ်အဖြစ်မခံနိုင်တော့ဘူး ကလေးငယ်ရာယ်"

A ruined city    [Ongoing]Where stories live. Discover now