||11||

110 8 1
                                    

"ဟိုလူကြီး!!"

အနောက်မှ ကလေးငယ်ခေါ်သံကြောင့်  zackခြေလှမ်းများအားရပ်တန့်ကာ အနောက်သို လှည့်ကြည့်လိုက်သည်။

"ဘယ်သွားနေတာလဲ ကျွန်တော်ကရ‌ှာနေတာ?"

"ဟင်.....ဟင့်အင်းမသွားပါဘူး"

"မျက်နှာလဲမကောင်းပါလား ဘာဖြစ်လို့လဲ"

လက်ဝါးနုနုလေးက ပါးပေါ်ရောက်လာတော့ zack ထိုလက်ကလေးကို သက်ဆုံးတိုင်ကိုင်ခွင့်မရတော့ဘူးစိုတယ့်အတွေးကြောင့် မျက်ရည်များဝေ့လာခဲ့သည်။

"ဟင် မျက်ရည်တွေဝဲနေတယ် .....ဘာလို့လဲ ။ဘာဖြစ်လို့လဲလို့"

"ဟင့်အင်း ကိုယ်ဘာမှမဖြစ်ပါဘူး .....စိတ်မပူပါနဲ့နော်"

"ဟင်းးးးးးးးး အင်းပါ ......ခနနေ ကျွန်တော်နဲ့လမ်းလျှောက်ထွက်ရအောင် ကျွန်တော်ပြောစရာရှိတယ်"

"အင်း ကိုယ်လဲ ပြောစရာရှိတယ်"

"အင်း......အော် ပြီးတော့ ဟိုကောင်တေက ဒီနေ့ညဘက် ထွက်ကကည့်ချင်တယ်တယ့် အ့တာထွက်လို့ရလား?"

"ရပါတယ်...ကိုယ် အ‌ဆင်ပြေအောင်လုပ်ပေးမယ်"

''အင်းဒါစို မျက်နှာသွားသစ်အုံးမယ် "

"အော် ကိုယ် ဒီအနောက်က ရေချိုးခန်းထဲမာ ရေဖြည့်ပေးထားတယ် လရောင်တို့ သုံးချင်သုံးလို့ရပြီ"

"ဟုတ် ကျေးဇူး။ဒါစို ရေချိုးလိုက်အုံးမယ်"

ထွက်သွားတယ့် ကလေးငယ်ကို ကြည့်ရင်း zackထိုနေရာမှ မရွေ့မိပါ။
...............................................................
"အကို!!"

Zackအချိန်တော်တော်ကြာသည်ထိ ထိုနေရာတွင်ရပ်နေစဲပင်။ကလေးငယ်ရဲ့ နောက်တဖန် ခေါ်သံကြောင့် ကြည့်မိရင်း နှုတ်ခမ်းများဟာ အထက်သို့ကွေးညွှတ်သွားရပါသည်။အကြောင်းမာ သူ့ရှေ့က ကလေးပေါက်ပေါ့။ဖြူဖြူအုအု အသားအရည်ပေါ်တွင် hoddieအဝါ ဒူးလောက်ဘောင်းဘီအဝါလေးနဲ့ ကြက်ပေါက်စလေးလိုဘဲ။ကလေးငယ်က ဘလိုဘဲနေနေ ချစ်စရာကောင်းတယ်။

"ဟိတ်....အဲ့လောက်ကြီးမကြည့်နဲ့လေဗျာ"

"ချစ်ဖို့ကောင်းတယ်"

A ruined city    [Ongoing]Where stories live. Discover now