||1||

484 20 0
                                    


"သခင်လေး....သခင်လေး ....မမကြီးက နှိုးခိုင်းလိုက်ပါတယ်.."

"ဗျာ...ဟုတ် ကျွန်တော်နိုးနေပြီဗျ"

"ဟုတ်ကဲ့...မမကြီးက ထမင်းစားဖို့ အောက်ကို ဆင်းခဲ့ပါတယ့်"

"ဟုတ် ဒေါ်ကြီး"

အခန်းရှေ့မှ ဒေါ်ကြီးထွက်သွားတော့ အခန်းထဲမှ လူငယ်လေးတယောက်ထွက်လာခဲ့တယ်။ထို လူငယ်လေးမှာ မျက်စံ အညိုရောင်လေးများ နှာတံ စင်းစင်း ပါးဖောင်းဖောင်းလေး နှင့် ချစ်ဖို့အလွန်ကောင်းသည်။
နှုတ်ခမ်ဖူးလေးမှာလည်း ပန်ဆီရောင်သမ်းနေသည်မှာ စွဲမတ်စရာကောင်းလှပေသည်။

ခန္ဓာကိုယ်အချိုးအစားမှာလဲ ပြေပြစ်ကာ သေးသွယ်သောခါးနှင့် မိန်းကလေးများရှုံးရ‌ေလာက်သည့် ကောက်ကြောင်းများနှင့် အလွန်ကို လှပနေတော့သည်။

အိမ်ပေါ်မှ အောက်ထပ်သို ဆင်း၍ ထမင်းစားခန်းထဲ ဝင်လိုက်တော့ မာမီနှင့်ဒယ်ဒီမှာ အဆင်သင့်‌ေစာင့်နေသည်။

"မောနီးမာမီ.....မောနီးဒယ်ဒီ"

"မောနီး သားငယ်......"

ဒယ်ဒီကပြန်နှုတ်ဆက်သော်လည်း မာမီမှာ သူ့အားမျက်စောင်းလှမ်းထိုးနေသဖြင့် သွားတန်းလေးများ ပေါ်အောင်ပြန်ရီပြလိုက်သည်။

"ဟီးဟီး..."

"ဘာဟီးဟီးလဲ....ပြောစမ်း ညက ဘယ်ချိန်ပြန်လဲ"

"မာမီရာ ညက သားအစောကြီး ပြန်လာပါတယ်"

"ကဲပြောစမ်းပါအုံး ဘယ်ချိန်မလို့တုန်း"

"မနက်3နာရီ"

"ဘာ!!"

ဂွက်

"အ့ မာမီ"

ပါးစပ်ထက်မြန်သော မာမီလက်မှာ လရောင်ခေါင်းပေါ်သို့ ရောက်ရှိလာသည်။

"မနက်3နာရီကစောမလားဟဲ့"

"စောတာပေါ့ အဲ့အချိန်ဘသူမှတောင်မထသေးဘူး သားက အစောကြီး ထပြန်လာရတာ အိပ်ရေးတောင်ပျက်......''

ဂွက်

"အ့"

စကားမဆုံးသေး ထပ်မံရောက်လာတယ့် မာမီ၏လက်။

"သားငယ် ညဘက်တွေ အသွားအလာ ဆင်ခြင်ပါကွယ် မာမီ တို့ကစိတ်ပူလို့ပြောနေတာ"

A ruined city    [Ongoing]Où les histoires vivent. Découvrez maintenant