||7||

188 11 1
                                    


မနက်စောစော အိုးသံခွက်သံများကြောင့် လရောင် မျက်လုံးများအား အားယူကာ ဖွင့်ကြည့်လိုက်ရသည်။
တွေ့ပါပြီ သူနှင့်ခပ်လှမ်းလှမ်းတွင် ငပိုင်က မီးဖိုပြီး အိုးတလုံးနဲ့ အလုပ်ရှုပ်နေလေရဲ့။သူလဲဆက်အိပ်မရတော့တာနဲ့ ငပိုင့်အနားကိုသာသွားလိုက်သည်။

"ဟျောင့် စောစောစီးစီး ဘာတွေလုပ်နေတာလဲ"

"အာ မင်းဘဲ အာလူးပြုတ်မလို့စို အာ့ကြောင့် မီးမွှေးပြီး ပြုတ်ပေးမလို့လေ"

"အယ် ငါမေ့သွားတာ "

"ကဲပါ မျက်နှာသစ်လိုက်အုံး"

"အင်း"

လရောင် ငပိုင့်အနားက ထွက်လာပြီး မျက်နှ
ာသစ်ရန် သွားတိုက်တံနှင့် ရေဘူးအားယူခဲ့သည်။

မျက်နှာသစ်ပြီးနောက် အထဲသို့ပြန်ဝင်ကာ ငပိုင်ပြုတ်ပေးထားသော အာလူးများအား မနေ့က ငပိုင်တို့ယူလာတယ့် ဆီနဲနဲနှင့်ကြော်လိုက်သည်။ဆီအများကြီးမသုံးချင် ကုန်မ
ှာစိုးတာထက် ဆီများများစားရင်ကျန်းမာရေးအတွက်မကောင်းပေ။

အာလူးကြော်ပြီးနောက် အကုန်လုံးအားမျှပေးကာ ဝိုင်းဖွဲ့စားသောက်လိုက်သည်။သငယ်ချင်းများနှင့်အခုလို စုစားရမည်ဆိုရင် လရောင်တို့အတွက်ကတော့ ထမင်းအဖြူထည်ကြီးစားရလဲ အရသာကိုရှိလို့။အခုတော့ zackပါပါတော့ လူများများနှင့်ပျော်ဖို့ကောင်းသည်။

စားသောက်ပြသည်နှင့်မြို့ထဲသို့ လေ့လာရန် ထွက်လာခဲ့သည်။
ငစိုင်း ဂျွန် နဲ့ အောင်မြတ်တို့သုံးကောင်က ရှေ့က လရောင်တို့ကနောက်က လိုက်ကြသည်။
မနေ့က အနီးတဝိုက်တွင်သာ လျှောက်လေ့လာခဲ့ကြတာဖြစ်လို့ ဒီနေ့တော့နေရာအစုံလျှောက်လေ့လာမည်ဟုတွေးထားသည်။

ပတ်ဝန်းကျင်တခုလုံးက သာမာန်လူအဖို့တော့ ခြောက်ခြားစရာ ဖြစ်နေပေမည် လရောင်တို့အတွက်ကတော့ မဖြစ်စလောက်လေးပါ။အရင်က မြင်ဖူးလို့တော့မဟုတ် ဘယ်အရာဖြစ်ဖြစ် သတ္တိရှိရှိရင်ဆိုင်မည်ဟု ခံယူထားသောကြောင့်ဖြစ်သည်။

"လရောင် ဟိုးရှေ့မှာ လူတွေလားလို့"

ငပိုင်က တနေရာသို့ လက်ညှိုးညွှန်ပြတော့ လရောင်တို့အကုန်လုံး ကြည့်လိုက်၏။ဟုတ်တယ်လူတွေ တယောက် နှစ်ယောက် သုံးယောက်.........သုံးယောက်လား? အယ် ‌ဟိုနောက်မှာ သုံးယောက် အာ့တာဆို ခြောက်ယောက် ဒါစို ဟိုအဖွဲ့ဘဲဖြစ်ရမယ်။

A ruined city    [Ongoing]Where stories live. Discover now