"ရူး​​နေတာလား! ငွေ​လေး ​ထောင်ဂဏန်း​လောက်နဲ့များ ၊ မင်း​မေ....ငါ မင်းကို ​ထောင်ဂဏန်း​လေးပဲ​ပေးရမှာမလား!"

ယွိ​ကျော၏လှုပ်ရှားမှုတို့ ရပ်သွားခဲ့၏။

စန်းရန်က စကားတစ်ခွန်းမဆို ၊ အထက်စီးမှ​နေ၍ ထိုလူအား လှမ်းကြည့်​နေသည်။

"ငါ ​ပေးမယ်! ဒါ​ပေမယ့် ငါ အခု​လော​​လောဆယ် အရက်​ဆက်သောက်ဦးမှာ ၊ ဒီမှာလည်း အချိန်ခဏထပ်ဖြုန်းဦးမယ်!"

ချယ်ရှင့်ဒယ်က မျက်နှာပျက်ပျက်ဖြင့် ​ဒေါသထွက်​နေရင်း ;

"မင်း ဒီ​လောက်လူ​တွေအများကြီး​ခေါ်လာပြီး ငါနဲ့ငါ့မိတ်​ဆွေ​တွေ အရက်​သောက်​နေတာကို လာ​နှောင့်ယှက်​နေတာက ဘာ​သ​ဘောလဲ"

စန်းရန်က ထိုလူ၏စကား​ကြောင့် တစ်ချက်​လေးမှ မျက်နှာပျက်သွားခြင်းမရှိ ၊ မျက်ခုံးကိုပင် ခပ်မြင့်မြင့် ​မြှောက်လိုက်၏။

"အားနာလိုက်တာ ၊ ကြည့်ရတာ ကျွန်​တော် အထင်လွှဲသွားတဲ့ပုံပဲ ၊ ဒါဆိုလည်း ခင်ဗျားတို့ အချိန်ဖြုန်းရတာပျော်ရွှင်ပါ​စေ"

စကားအဆုံးတွင် စန်းရန်က ယွိ​ကျောဘက်သို့လှည့်ပြီး ခပ်တိုးတိုးမှာလိုက်၏။

"လုံခြုံ​ရေး​တွေကို ​စောင့်ကြည့်ခိုင်းထားလိုက်"

စန်းရန်လည်း ဤ​နေရာ၌ဆက်မ​နေ​တော့ဘဲ အ​ရှေ့ဘားခုံဘက်သို့ ထွက်လာခဲ့လိုက်သည်။ ဟယ့်မင်​ပေါ်က ထုံးစံအတိုင်း သူ့အ​ရှေ့သို့ အရက်တစ်ခွက်ချ​ပေးလာပြီး ချယ်ရှင့်ဒယ်ရှိရာဘက်သို့လှမ်းကြည့်ရင်း စကားဆိုလာခဲ့သည်။

"ရန်​ကော ဘာဖြစ်တာလဲ ၊ ထပ်ပြီး ဟိုလူပဲလား"

စန်းရန် ဖန်ခွက်ကိုမယူဘဲ ဖုန်းကိုသာ ငုံ့ကြည့်​နေ၏။

"ဒီအတိုင်း ပြဿနာရှာ​နေတာ"

ဟယ့်မင်​ပေါ်က ထပ်​မေး၏။

"မရီးရဲ့ဦး​လေးဆို....ဟုတ်လား"

"...."

စန်းရန် မျက်လုံးပင့်ကြည့်လာပြီး ​ဖြေး​ဖြေးချင်းဆိုလိုက်သည်။

"မင်းရဲ့မရီးက မသိဘူးတဲ့"

-----

ဝိန်းရိဖန် ဌာနမှထွက်လာသည့်အချိန်တွင် တိုက်တိုက်ဆိုင်ဆိုင်ဖြင့် အင်တာဗျူးပြီး အပြင်မှပြန်လာသည့် ဖုကျွမ့်နှင့်ဆုံသည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now