သူမတို့ရဲ့အရင်းအနှီးက အရမ်းကိုသေးငယ်တဲ့၊ သကြားလုံးလေးပဲရှိတယ်။ ဒါပေမယ့် ခရမ်းချဉ်သီးတစ်လုံးနဲ့ ဖလှယ်ဖို့ သကြားလုံးကို အားကိုးပြီးနောက် ကြက်သွန်စိမ်းနှစ်လုံးနဲ့ ဖလှယ်ဖို့ ခရမ်းချဉ်သီးတစ်လုံးကို အားကိုးလို့ရတယ်...။

ဒါက အစပိုင်းမှာ သူမစိတ်ထဲရှိနေခဲ့တဲ့ ယူဆချက်ပင်ဖြစ်တယ်။

ဒါပေမယ့် သူမ ဒီတာဝန်ကို စတင်အကောင်အထည်ဖော်တဲ့အခါမှာတော့ လက်တွေ့က သူမစိတ်ကူးထားသလောက် မလွယ်ကူဘူးလို့ ခံစားရတယ်။

လီရှောင်းဟယ်က မျက်နှာပေါ်မှာအပြုံးတစ်ပွင့်နဲ့ ပိုတန်ဖိုးရှိတဲ့အရာတစ်ခုခုကို သကြားလုံးတစ်လုံးနဲ့ ဖလှယ်ဖို့ ဆံဖြူအဖွားတစ်ယောက်ဆီ လမ်းလျှောက်သွားခဲ့ပေမယ့် တံခါးပိတ်သွားတဲ့အချိန်ထိ သူမ စကားပြောခွင့်တောင် မရလိုက်ပေ။

ထိုသူက အပြင်မှာ ပဲအခွံခွှာနေဆဲဖြစ်တဲ့ အဖွားအိုတစ်ယောက်ပင်။ လီရှောင်းကိုတွေ့လိုက်ရတဲ့အချိန် ထိုအမျိုးသမီးကြီးရဲ့ မျက်နှာက ချက်ချင်းပြောင်းလဲသွားတယ်။ သူမက ပဲတွေကို ကောက်ယူပြီး အိမ်ထဲဝင်သွားပြီးနောက် တံခါးကို ဆောင့်ပိတ်လိုက်တယ်။

လီရှောင်းက ဒီအဖြစ်အပျက်‌ကြောင့် အံ့အားသင့်သွားရပြီး ကုမျန်နဲ့လော့ချယ်ကို အပြစ်ကင်းစင်တဲ့အကြည့်နဲ့ ကြည့်ကာ "ကျွန်မ ဘာမှမလုပ်ဘူးလေ ဒီအဖွားက ဘာလို့ ဒီလောက် ပြင်းပြင်းထန်ထန် တုံ့ပြန်ရတာလဲ"

ကုမျန်က လီရှောင်းရဲ့ဆံပင်အရောင်ကို တစ်ချက်ကြည့်လိုက်ပြီး အဘွားအိုက လီရှောင်းကို အဆင့်အတန်းမရှိတဲ့သူလို့ မှတ်ယူသွားနိုင်တယ်ဟု ခံစားရတယ်။

ခေတ်နောက်ကျတဲ့အတွေးအခေါ်ရှိတဲ့ ရှေးလူကြီးတွေက ဒီလိုရွှန်းစိုတဲ့ ဆံပင်အရောင်ရှိတဲ့သူကို လက်ခံကြမှာမဟုတ်ဘဲ သူတို့က သဘောမကျဖြစ်ကြလေ့ရှိတယ်။

လီရှောင်းက ပထမအကြိမ် ကျရှုံးပြီးနောက်မှာ တင်ဆက်သူက ဘာပြောချင်တာလဲဆိုတာကို ကုမျန်အပြည့်အဝနားလည်သွားတယ်။

ဆင်းရဲနွမ်းပါးပြီး ခေတ်နောက်ကျတဲ့ရွာမှာ နေထိုင်တဲ့ ရွာသူရွာသားတွေက နေထိုင်မှုဘ၀ ခက်ခဲပြီး စားဝတ်နေရေးအတွက် အလုံအလောက်ရှိတာ ရှားပါးတယ်။ သူတို့က ဖျော်ဖြေရေးနဲ့ တီဗီအကြောင်း သိပ်မသိကြဘူး။ showထဲမှာ ပါ၀င်ရိုက်ကူးကြတဲ့ နိုင်ငံကို လွှမ်းမိုးပြီး မရေမတွက်နိုင်အောင် ပရိတ်သတ်တွေကို အော်ဟစ်အားပေးအောင် လုပ်နိုင်တဲ့ အနုပညာရှင်ကြီးတွေအတွက် သူတို့ရဲ့ဆွဲဆောင်မှုကို ထုတ်ဖော်ဖို့အခွင့်အရေး မရနိုင်လောက်ဘူး ။

ဗုဒ္ဓဘာသာ၀င်မိန်းကလေးက စာအုပ်တစ်အုပ်ထဲကို ကူးပြောင်းသွားတယ်Where stories live. Discover now