အခန်း - ( ၁၀ )【 Z 】

Comenzar desde el principio
                                    

သို့နှင့်စားသောက်ပြီးချိန်တွင်အနောက်ဘက်ရှိမြင်းပြိုင်ကွင်းထံတန်းသွားလိုက်ကြပြီး ၊ ထိုနေရာသို့လမ်းလျှောက်သွားရခြင်းမှာအစာ​ခြေလိုက်ခြင်းနှင့်သိပ်မကွာရာအတော်ဖြစ်သွားပြီးလင်းယို့မှာစိတ်လှုပ်ရှားစွာမြင်းသွားရွေးနေတော့၏။ သူသည်တိရစ္ဆာန်များအားအလိုလိုဆွဲဆောင်နိုင်သူဖြစ်ပေရာ ၊ မြင်းဖြူရှည်ရှည်တစ်ကောင်မှာခေါင်းဖြင့်သူ၏လက်ထံကျိုးနွံလှစွာလာရောက်ပွတ်သပ်နေချိန်၌လင်းယို့သည်လည်းဝမ်းမြောက်ဂုဏ်ယူနေမိတော့သည်။

ဝန်ထမ်းမှာလည်းသူတို့အနားထံရောက်ရှိလာပြီး ၊ ဤနေရာတွင်မြင်းများရွေးချယ်ရာ၌အလျင်မြင်းနှင့်အနှေးမြင်းဟူ၍နှစ်မျိုးရှိကြောင်းမိတ်ဆက်ပေးလာခဲ့၏။ လင်းယို့အားလာရောက်ပွတ်သပ်နေပါသောမြင်းမှာအနှေးမြင်းအမျိုးအစားဖြစ်သည်။

" သူမကို Terra* လို့ခေါ်တယ် ၊ အရမ်းကိုကျိုးနွံတတ်တဲ့အကျင့်ရှိတာ။ ဒါပေမဲ့လည်းသူမလူတစ်ယောက်ကိုဒီလိုခင်တွယ်နေတာမျိုးမြင်ရတာအရမ်းရှားတယ်။ "
[ * : 泰拉 / ကမ္ဘာဦးခေတ်ကရောမနတ်ဘုရားမ။ ]

ဝန်ထမ်းမှပြောပြလာ၏။

လင်းယို့သည်စင်စစ်အတွင်အလျင်မြင်းအမျိုးအစားကိုရွေးချယ်ခဲ့ချင်သော်ငြား ၊ အဆိုပါမြင်းဖြူမှသူ့အားဤမျှခင်တွယ်နေခြင်းကိုမြင်ရရာမခွဲနိုင်တော့ပါဘဲအဆုံးတွင် Terra ကိုသာရွေးချယ်လိုက်တော့သည်။ လင်းယို့မှာ Terra အပေါ်သို့တက်လိုက်ပြီးနောက်လုချင်းယန်ထံပြုံးလျက်ဆိုလိုက်မိ၏။

" Terra လို့ဒီနာမည်ကိုဘယ်သူပေးလိုက်ပါလိမ့်နော် ၊ အမြန်ခေါ်လိုက်ရင်အဲ့ဒါက ' အရမ်းစပ်တယ် '* ဖြစ်နေပြီ။ "
[ * : အသံထွက်ကအတူတူနီးပါးပါပဲ ၊ အသံအနိမ့်အမြင့်ပဲကွဲသွားတာပါ။ ]

လုချင်းယန်သည်ကားမြင်းနက်ကိုရွေးချယ်လိုက်ပြီး ၊ ယင်းပေါ်သို့အကူအညီမလိုစွာပင်သပ်ရပ်စွာတက်သွားလိုက်သည်။ ထိုသူမှာအရပ်ရှည်ကာအသွင်အပြင်မှာလည်းကြည့်ကောင်းပေရာ ၊ ယခုလိုမြင်းနက်ရှည်ရှည်ပေါ်ထက်ရှိနေချိန်တွင်ပို၍ပင်အားကောင်းသည့်သူတစ်ဦးအသွင်ပေါ်လာတော့၏။

ထိပ်တန်းဖြားယောင်းမှုနည်းလမ်းသွယ် || ဘာသာပြန်Donde viven las historias. Descúbrelo ahora