သူမဟာ အလွန်တရာကိုမှစိတ်ဆတ်​နေပြီး အိပ်ရာနိုးနိုးချင်းထွက်လာတတ်သည့်​ဒေါသများမှာ ယခုအချိန်၌ မဖိတ်​ခေါ်ဘဲ​ရောက်လာပါ​တော့သည်။

"စန်းရန်"

စန်းရန်က ပန်းကန်လုံးတစ်လုံးကိုကိုင်ထားပြီး စကားဆက်​ပြောချင်​နေသည့်ဟန်။

ဝိန်းရိဖန်က ထပ်၍ ;

"ငါအိပ်​နေတာကို လာမဆူနဲ့"

"...."

စန်းရန်သည်လည်း သူမအား လိုက်ကြည့်​ရင်း တစ်ခဏတွင်​တော့ ပန်းကန်လုံးအား စားပွဲ​ပေါ်တင်လိုက်ရင်း သ​​ဘောတကျရယ်လိုက်မိ၏။

"မင်းက ကိုယ့်ကို​ ​ဒေါသ​တောင်ထွက်ပြရဲ​နေပြီ​ပေါ့"

ဝိန်းရိဖန် သူ့အား အ​ရေးမလုပ် ၊ ခန္ဓာကိုယ်အား ​ဘေးဘက်သို့တိုးသွားပြီး ဆက်၍အိပ်ဦးမည့်အလား လှဲချပစ်လိုက်သည်။ သို့​သော် စန်းရန်က ​နောက်တစ်ကြိမ်ပြန်ဆွဲထူပြီး တည့်တည့်ဖြစ်​အောင် ပြန်ထိုင်ခိုင်းလာ၏။

စန်းရန်က မျက်ခုံးပင့်ကာ ခပ်​လော​လောအသံဖြင့် ;

"မအိပ်ရဘူး"

"ငါက ဘာဖြစ်လို့ အိပ်လို့မရတာလဲ"

ဝိန်းရိဖန်အတွက်​တော့ စန်းရန်၏လုပ်ရပ်များဟာ ဆီ​လျော်မှုမရှိ ၊ ထို့​ကြောင့် ခြိမ်း​ခြောက်ပစ်လိုက်၏။

"နင် လက်မလွှတ်ဘူးဆိုရင် ငါ နင့်ကို ဆဲ​တော့မှာ​နော်"

"ရတယ်"

စန်းရန်က ဝိန်းရိဖန်အား သူ့ရင်ခွင်ထဲဆွဲထည့်ကာမှီထား​စေပြီး အသစ်အဆန်းလည်းဖြစ်​နေရ၍ စကားဆိုလိုက်သည်။

"မင်းဆဲချင်သ​လောက်ဆဲ"

"နင် ဒီ....စန်း....စန်း....."

ဝိန်းရိဖန်၏​ဒေါသများက ဆဲ​ရေး​တော့မည့်အခါတွင်​တော့ ပြတ်​တောင်း​တောင်းဖြစ်သွားခဲ့ရ၏။ စကားမ​ပြောတတ်​တော့သည့် အ,အတစ်​ယောက်လို အချိန်အကြာကြီး ဆွံ့အ​နေပြီးမှ ;

"စန်း.....စန်းအိမ်​က ခွေး​လေး....."

"...."

စန်းရန်၏မျက်လွှာများက ​အောက်သို့စိုက်ထားပြီး ဝိန်းရိဖန်အား ကြည့်​နေခဲ့ကာ အဆဲခံ​နေရသည့်တိုင် အရယ်မပျက်​သေးဘဲနှင့် ;

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now