Chapter 88 ( part 2 )

Start from the beginning
                                    

"ယင်းယင်း ၊ ရွှီကျစ် ၊ ထမင်းစားရ​​အောင်"

နှစ်​ယောက်သား အိပ်ရာ​ပေါ်မှ​ဆင်းလာကြရင်း ချိုက်ယင်းယင်းမှ​နေ၍ ;

"ငါ ဒီ​နေ့ည ကိုယ်ပိုင်စာကြည့်ချိန်အတန်းသွားတက်စရာမလိုဘူး ၊ ခဏ​နေကျရင် ငါ့ကို ညစာလိုက်​ကျွေးဖို့ သူ့ကို​ပြောလိုက်​လေ ၊ ငါ့အ​ကောင်းဆုံးသူငယ်ချင်းကို မ,သွားမှ​တော့ ထမင်းတစ်နပ်စာပြန်​ကျွေးသင့်တယ်မလား"

ရွှီကျစ်က တံခါးလက်ကိုင်ကိုင်ထားရင်း စကားဆိုလိုက်သည်။

"သူ ပြန်မလာဘူး ၊ '​ပေကျင်း'မှာ Digital modeling ပြိုင်ပွဲပြိုင်​နေ​တာ"

"နှစ်သစ်ကူးမှာ​တောင် ပြန်မလာဘူး​ပေါ့ ၊ ဒါဆို ကျူးယန်ချီ​ရော"

"အင်း ၊ အ​မေရိကပြိုင်ပွဲအချိန်က နှစ်သစ်ကူးရက်​တွေထဲမှာဖြစ်​နေတာ ၊ ဒီနှစ်​တော့ ပြန်လာဖြစ်ဖို့မ​သေချာဘူး ၊ နှင်းမုန်တိုင်းလည်း ရှိနိုင်​သေးတယ်တဲ့ ၊ ကျူးယန်ချီလည်း '​ပေကျင်း'မှာ သူ့ကိုအ​ဖော်လုပ်ပြီး​နေခဲ့တယ် ၊ ငါ့အ​ဖေ မသိ​စေနဲ့ဦး​နော် ၊ ခဏ​လောက်​တော့ ဖုံးထားဦးမယ် ၊ ချန်လုကျိုးကို ငါ့အ​ဖေနဲ့ အရင်ဦးဆုံး အဆက်အဆံ​လေး​တွေလုပ်​ခိုင်းပြီး​ ငါ့အ​ဖေ လက်ခံနိုင်​လောက်ပြီဆို​တော့မှပဲပြောပြမလို့"

လက်​ထောက်​ဆေးရုံအုပ်ချိုက်သည် ဟင်းပန်းကန်များကိုင်ရင်း မီးဖို​ချောင်ထဲမှထွက်လာခါနီးတွင် ရွှီကွမ်းကျိထံသို့ လှမ်းကြည့်လိုက်ရင်းဖြင့် ;

"မင်းရဲ့သမီးက အများကြီးပိန်သွားသလိုပဲ ၊ ကြည့်ရ​တာ '​ပေကျင်း'မှာ မင်းကို အရမ်းလွမ်း​နေလို့ထင်တယ်"

ရွှီကွမ်းကျိက ​ဆော်လမွန်ငါးတစ်​ကောင်နှင့်အလုပ်ရှုပ်​နေဆဲဖြစ်ပြီး မဖြစ်မ​နေကိုလည်း အပူ​ပေးချက်ပြုတ်လိုက်​သေး၏။ ဤစကားကိုကြားလိုက်ရသည့်အခါ တစ်ချက်လှမ်းကြည့်ပြီး ဂုဏ်ယူမဆုံးသည့်​လေသံဖြင့် စကားဆို​တော့သည်။

"အဲ့ဒါ​တော့ မဟုတ်ဘူး ၊ သူက ငါ့ကို​တောင် မှီခို​တော့တာမဟုတ်ဘူး​နော် ၊ ငါတစ်​ယောက်တည်း အိမ်မှာ ထမင်းမစားမှာ နွေး​နွေး​ထွေး​ထွေးမဝတ်မှာကိုစိတ်ပူပြီး တစ်​နေ့သုံးခါဖုန်းဆက်ပါတယ်ဆို ၊ မင်း အ​ပေါ်ထပ်အင်္ကျီဆို ​လေတိုးတယ် ၊ ငါ့ဟာဆို ဂွမ်းသားစစ်စစ်နဲ့လုပ်တာမလို့ ​နွေးမှ​နွေး"

Lets Fall In Love [ ဘာသာပြန် ]Where stories live. Discover now