"ဘုတ်... ဘုတ်... ... "

ဤတစ်ကြိမ်တွင် ရေတွင်းနံဘေးမှ အသံထွက်လာသည်။

"အန်းအန်း!"

ကျော့ရှောင်ချင်း၏ အသံက စူးမြောင်အာ၏ ကျောဘက်မှ ထွက်ပေါ်လာသည်။ စူးမြောင်အာလည်း အပြေးအလွှား သွားကြည့်လိုက်ရာ ရေတွင်းနံဘေးတွင် ဘောလုံးပိုက်ပြီး ထိုင်နေသော ကလေးငယ်တစ်ဦးကို တွေ့လိုက်ရသည်။ သူသည် စူးမြောင်အာနှင့် ကျော့ရှောင်ချင်းတို့ ဤနေရာသို့ ရောက်လာကြောင်းကို ယခုအထိ မသိသေးဘဲ လက်ထဲမှ ဘောလုံးကို ဆော့ကစားနေဆဲဖြစ်သည်။ သို့သော် ညအမှောင်ထုထဲတွင် မြင်နေရသော အရိပ်သည် ပိန်သွယ်သည့်အပြင် အလွန်အမင်း ရှည်နေခြင်းကြောင့် လူသားစင်စစ်တစ်ဦးမဟုတ်ကြောင်း တန်းသိနိုင်သည်။

"သူက အခုထိ ဝိညာဥ်လွင့်နေတုန်းပဲ... သူ့နာမည်ကိုခေါ်လိုက်ပါ ဒါပေမဲ့ သူကြောက်သွားအောင်တော့ မလုပ်မိစေနဲ့နော်"

စူးမြောင်အာက ကျော့ရှောင်ချင်း၏ ပခုံးကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီး အားပေးလိုက်သည်။ ကျော့ရှောင်ချင်းသည် လူသားစင်စစ်မဟုတ်သူတစ်ဦးနှင့် ထိပ်တိုက်ကြုံတွေ့နေရသော်လည်း ခပ်မြန်မြန် ပါးစပ်ဖွင့်ပြီး တီးတိုးရေရွတ်လိုက်သည်။

"အန်းအန်း... ကျော့အန်းအန်း... ကျော့အန်းအန်ရေ... ."

၎င်းသည် အိပ်မောကျနေသူတစ်ဦးကို နှိုးရခြင်းနှင့် ဆင်တူသည်။ မကြာမီတွင် အိပ်မက်ထဲ၌ မျောနေသောကျော့အန်းအန်းလည်း ရုတ်တရက် ပြန်နိုးလာသည်။ သူသည် ခေါင်းလေးကို မော့ကာ တံခါးဝသို့ လှမ်းကြည့်သည်။ စူးမြောင်အာနှင့် ကျော့ရှောင်ချင်းကို မြင်ရချိန်တွင် သူ၏ အပြစ်ကင်းစင်သော ကလေးမျက်နှာလေးပေါ်၌ အံ့အားသင့်သော အရိပ်အယောင်များ ထင်ဟပ်လာသည်။

"တီတီ အဲ့ဒီမှာဘာလုပ်နေတာလဲ"

အမှန်ဆိုရသော် ကျော့အန်းအန်း အမှန်တကယ် နိုးထလာခြင်းဟုတ်၊မဟုတ်ကို ဝေခွဲရခက်နေသေးသည်။ ဤအခြေအနေသည် ဆုပ်လည်းစူး၊ စားလည်းရူးအခြေအနေမျိုးဖြစ်သည်။

ထိုအချိန်တွင် စူးမြောင်အာသည် ကျော့ရှောင်ချင်း၏လက်ကောက်ဝတ်ကို မသိမသာ လှမ်းထိလိုက်သည်။ ကျော့ရှောင်ချင်းသည်လည်း စူးမြောင်အာ ပြောချင်သည့် အဓိပ်ပါယျကို သဘောပေါက်ပုံရသည်။ သူမက ကျော့အန်းအန်းကို တောက်ပစွာ ပြုံးပြပြီး ချော့မော့ပြောသည်။

"အန်းအန်းရေ ကလေးရေ ဒီကိုလာပါအုံး... တီတီက မင်းကို လိုက်ရှာနေတာ... ပြီးတော့ အန်းအန်းရဲ့ ဖေဖေနဲ့မေမေလည်း စောင့်နေကြတယ်... ကစားကွင်းသွားချင်တယ်လို့ ပြောထားတာမဟုတ်လား... အန်းအန်းရဲ့ မေမေက လိုက်ပို့ပေးမယ်တဲ့နော်... ပြီးတော့ အန်းအန်းရဲ့ ဘိုးဘိုးလည်း ဧည့်ခန်းထဲမှာ စောင့်နေတယ်... လာ သွားရအောင်"

စူးမြောင်အာသည် ကျော့ရှောင်ချင်းကို အထင်ကြီးသော အကြည့်မျိုးဖြင့် စိတ်ဝင်တစား ကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ကျော့အန်းအန်းသည် ချော့ရလွယ်သော ကလေးငယ်လေးတစ်ဦးဖြစ်သည်။ သူက ကျော့ရှောင်ချင်း၏ စကားကို နားထောင်ပြီး ပျော်ရွှင်စွာ ပြေးလာသော်လည်း လမ်းတစ်ဝက်တွင် ရုတ်တရက် ရပ်သွားသည်။

"သားက တီတီနဲ့အတူပြန်လိုက်မှာ... ဒါပေမဲ့ သားမပြန်ခင် သူ့ကို နှုတ်ဆက်ရအုံးမယ်"

ဘယ်သူ့ကို နှုတ်ဆက်မလို့လဲဟ!

ဘိုးဘွားခန်းမထဲတွင် သူတို့မှလွဲ၍ မည်သူမှမရှိပေ။ လက်ရှိတွင် ကျော့အန်းအန်းသည် အသက်ရှိနေသေးသော ဝိညာဥ်ဖြစ်ပြီး သူနှင့် ရင်းနှီးသော မိသားစုဝင်နှင့် ယင်-ယန်စွမ်းအားရှိသော အပနှင်သူများသာ သူ့ကို မြင်နိုင်သည့် အနေအထားမျိုးဖြစ်သည်။ နှုတ်ဆက်စရာဘယ်သူရှိလို့လဲ... သရဲပဲရှိတယ်နော်!

ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေက စူးမြောင်အာကို ဇောချွေးပျံစေသည်။ ထို့အတူ နောက်ကျောတွင်ပါ ချွေးစေးများဖြင့် စိုရွှဲသွားစေသည်။

Telegram မှာ အပိုင်း ၉၉အထိ ရောက်ပါပြီနော်။

တစ္ဆေသတို့သားWhere stories live. Discover now