"သူ စိတ်ထဲမထည့်​တော့တာလား"

"...."

ဝိန်းရိဖန် ​ခေါင်းရမ်းပြလိုက်၏။

"ငါ မသိဘူး"

"သူက အဲ့​လောက်ထိသ​ဘောထား​သေးမယ့်သူမျိုးလည်း မဟုတ်​လောက်ပါဘူး ၊ ငါ အရမ်းသိချင်​နေတာတစ်ခုက​လေ....နင်နဲ့စန်းရန် တွဲပြီးကြတဲ့​နောက်ပိုင်းမှာ​ရော သူက အရင်လိုပုံစံအတိုင်းပဲ ဖြစ်​နေ​သေးတုန်းလား ၊ နေ့တိုင်း​နေ့တိုင်း မျက်နှာ​သေကြီးနဲ့ ​ကောင်းကင်ကြီးကိုပဲဆွဲချလာ​တော့မှာလိုလိုပုံစံ​မျိုးနဲ့လေ"

မျက်နှာတည်​နေတာက အ​ကြောင်းမဟုတ်။

​ဆွဲချချင်တာ​က​တော့ တကယ်။ ဒါ​ပေမယ့် နည်းနည်း​လေး​တော့ ငြင်သာတတ်သ​​ယောင်​ယောင်။

ဝိန်းရိဖန်က လုံးဝစိတ်​ကျေနပ်သွား​စေမယ့်အ​ဖြေတစ်ခု ​ဖြေ​ပေးလာခဲ့​လေသည်။

"အရင်ကနဲ့ သိပ်မကွာဘူး"

"အာ....."

ကျုံးစစ်​ချောင် ဆွံ့အသွားခဲ့၍ ;

"ဒါဆို နင် သူ့ကို​ပြောကြည့်ကြည့်​​လေ ၊ သူ့ အဲ့ဒီအကျင့်ဆိုးကြီးကို ​သေချာနိုင်​အောင်ထိန်းထား ၊ စစချင်း​တော့ အဆင်​ပြေနိုင်​ပေမယ့် အချိန်​တွေကြာလာတဲ့အခါ စိတ်ရှုပ်စရာကြီးဖြစ်လာလိမ့်မယ်"

"သူ့အကျင့်ကိုက ဒီလိုမျိုးပဲဟာ"

ဝိန်းရိဖန်အတွက်​တော့ စန်းရန်ထံ၌ ​ပြောင်းလဲပြုပြင်​ပေးစရာဘာမှမရှိ။

"ဒါ​ပေမယ့် ငါ့အ​ပေါ်​တော့ အရမ်း​ကောင်း​ပေးတယ်"

ကျုံးစစ်​ချောင် သက်ပြင်းချလိုက်​တော့၏။

"အဲ့ဒါဆိုလည်း ပြီးတာပါပဲ"

"သူက​လေ.....ပြောထွက်လာတာ​တွေနဲ့လုပ်လိုက်တာမျိုး​တွေက မတူညီတဲ့လူ"

ဝိန်းရိဖန်က အရင်ကိစ္စများကို ပြန်​တွေးကြည့်ရင်း ​ဖြေး​ဖြေးချင်းဖြင့် ;

"ငါ အရင်တုန်းကဆို အဲ့လိုမျိုးမ​တွေးကြည့်ရဲခဲ့ဘူး ၊ အဲ့ဒါ​ကြောင့်မလို့လည်း သူ့အပြုအမူ​တွေက သူစကား​ပြောတဲ့ပုံစံအတိုင်းပဲ ဖြစ်​နေမှာလို့ထင်ခဲ့ဖူးတယ် ၊ သူ ​ပြောရင်​ပြောတဲ့အတိုင်း ငါလည်းယုံမိလိုက်တာပဲ ၊ အများကြီးမ​တွေးမိခဲ့ဘူး ၊ အဲ့ဒီ​တော့ ငါ သူနဲ့အတူတူ​နေ​နေရတာ​ တကယ်​လည်း အရမ်းစိတ်သက်သာရာရတယ်"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Wo Geschichten leben. Entdecke jetzt