သူမအ​နေဖြင့် ထို​ယုံတမ်းမျိုးကိုမကြားဖူးထား​သော်ငြား ထိုစကားတစ်ခွန်း​ကြောင့်ဖြင့် ခုဏလေးကအဖြစ်ကို ပြန်​တွေးပြီးမြင်​ယောင်လာ​တော့၏။ ဝိန်းရိဖန်၏ပါးနှစ်ဖက်မှာ တဖန် ပူပြင်း​တောက်​လောင်လာပြီး စန်းရန်အား ဤကိစ္စနှင့်ပတ်သတ်၍ ​ပြောရ​နိုးနိုး​တွေးကြည့်​နေရင်း တစ်ဖက်သို့လှည့်လိုက်ရာ စန်းရန်သည်လည်း ထိုစုံတွဲအား စူးစူးစိုက်စိုက်ကိုလိုက်ကြည့်​နေ​လေသည်။

​နောက်တစ်စက္ကန့်တွင် စန်းရန်က အကြည့်လွှဲလိုက်ပြီး သူမနှင့်မျက်ဝန်းများနှင့် ဆုံစည်းလိုက်၍ ;

"သွားမယ်"

သူ့အမူအရာမှာ ထိုစုံတွဲ​၏စကားကို စိတ်ထဲပင်မထည့်သည့်ပုံ။

ဝိန်းရိဖန်က ​ခေါင်းသာငြိမ့်ပြလိုက်ပြီး စိတ်အား​​လျော့ခြင်းမမြည်သည့် သက်ပြင်းတစ်ချက်ချရုံသာချလိုက်၏။ လက်ထဲတွင်ကိုင်ထားသည့်ဖုန်းအား စန်းရန်ဘက်သို့ တိုး၍ပြလိုက်ရင်း ;

"ဒါဆို အခု ငါတို့ရုပ်ရှင်သွားကြည့်...."

သူမ၏စကားမဆုံး​သေးခင် စန်းရန်က ​မေးတစ်ချက်​မော့ပြပြီး ​ပြောင်တင်းတင်းအမူအရာဖြင့် ;

"​နောက်တစ်ခါ ထပ်ထိုင်မယ်"

"...."

စန်းရန်က ​နောက်​ပြောင်​နေခြင်းလား ၊ အမှန်တကယ်​ပြော​နေခြင်းလားပင် မခွဲခြားတတ်ပါ​တော့​ပေ။ သူမက ​နေရာ၌သာရပ်​နေပြီး ရှင်းရှင်းလင်းလင်းမကြားလိုက်သည့်အလား ​နှေး​နှေး​ကွေး​ကွေးတုံ့ပြန်မိလိုက်၏။

"အမ်....ဘာ...."

နှစ်​ယောက်သား ​​လျှောက်လာခဲ့ကြသည်မှာ အ​တော်​လေးလှမ်းလာခဲ့ပြီဖြစ်သည်။

စန်းရန်က ဝိန်းရိဖန်အားဆွဲ​ခေါ်ကာ လက်မှတ်အ​ရောင်းဌာနဘက်သို့ ဦးတည်၍ ;

"ချားရဟတ်.."

"...."

ရုတ်တရက်ဖြစ်လာခဲ့သည့်အ​ခြေအ​နေ​ကြောင့် ဝိန်းရိဖန်တစ်​ယောက် ထိုစုံတွဲ​ပြောသွားခဲ့သည့်စကားကို မ​နေနိုင်​အောင် ပြန်​တွေးကြည့်မိ​တော့၏။ အနည်းငယ်ရှက်​နေမိပါ​သော်ငြား မဖြစ်မ​နေလည်း ​မေးချင်မိ​တော့သည်။

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Where stories live. Discover now