နှစ်​ယောက်သားမ​တွေ့ဖြစ်ကြသည်မှာ တစ်လနီးပါးပင် ရှိ​လေပြီ။

ဝိန်းရိဖန် ​ပေယွီမြို့မှပြန်လာသည့်​နေ့တွင်ပင် စုထျန်းက အနီးအနားရှိမြို့တစ်ခုသို့ အလုပ်ကိစ္စခရီး​ဖြင့် ​စေလွှတ်ခံလိုက်ရ​သည်။ ဤအချိန်များအတွင်း လုပ်စရာအလုပ်များက သိပ်ကိုများလွန်းခဲ့ပြီး ရုံးတက်ချိန်မျိုးတွင် စကားစမြည်​ပြောရန်အချိန်ပို​လေးပင်မရှိ​လောက်သည်အထိ သနားစရာ​ကောင်းခဲ့ကြ၏။

စုထျန်းက စားပွဲ​ပေါ်လှဲချလိုက်ကာ ပင်ပန်းနွမ်းနယ်​နေသည့်အလား သက်ပြင်းချလိုက်သည်။

"ငါ့​ကောင်​လေး ငါ့ကို စိတ်ဆိုး​နေပြီ"

ဝိန်းရိဖန်က လှည့်ကြည့်ရင်း စိတ်ဝင်တစားနှင့်​မေးလိုက်၏။

"ဘာဖြစ်တာလဲ"

စုထျန်း ;

"ဟိုတ​လောက 'ထုန်းရှီ'ရပ်ကွက်မှာ စီးပွား​ရေးစင်တာ အသစ်ဖွင့်လိုက်​သေးတယ်​ ၊ နန်းဝူရဲ့ ပထမဆုံး ချားရဟတ်​လေ ၊ ငါ့​ကောင်​လေးက အစတည်းက အဲ့ဒါသွားစီးကြမယ်ဆိုပြီး ငါနဲ့ချိန်းထားတာ ၊ ငါကလည်း အဲ့တုန်းက သ​ဘောတူလိုက်တယ်"

"​နောက်​တော့​ရော"

"​နောက်​တော့! ၊ ဒီအစုတ်အပြတ်အလုပ်ကြီး​ကြောင့်မလို့​ပေါ့! ၊ ငါ ထပ်ပြီးချိန်းထားတာဖျက်လိုက်ရပြန်တယ်​လေ ၊ အဲ့​လောက်ထိ​တောင်တိုက်ဆိုင်ရလားဟာ! ၊ ငါ အလုပ်ဆင်းခါနီး​လေးကျမှ တစ်​ယောက်​ယောက်ရေ​မြောင်းထဲပြုတ်ကျသွားသလိုပဲ!"

"...."

"သူ ငါ့ကို စစ်​အေးတိုက်ပွဲခင်း​​နေတာ သုံး​လေးရက်​လောက်ရှိပြီ ၊ ငါ ထင်တာသာမမှားရင် ​နောက်တစ်ခါချိန်းထားတာကိုထပ်ဖျက်လို့က​တော့ သူ ငါနဲ့လမ်းခွဲ​တော့မှာအ​သေအချာပဲ"

ဝိန်းရိဖန်က ရယ်ချင်သလိုလိုဖြစ်လာရင်း ;

"နင့်​ကောင်​လေးကို ​ပြောပြလိုက်​လေ ၊ အလုပ်နဲ့ပတ်သတ်လာရင်​တော့ ဘာမှမတတ်နိုင်ဘူးလို့ ၊ သူ နားလည်​​ပေး​လောက်မှာပါ"

"အိုင်း...တစ်ခါ နှစ်ခါ​လောက်ဆိုရင်​တော့ အဆင်​ပြေတယ်​လေဟာ"

နှင်းဦး​ဝေ​ဝေ [ ဘာသာပြန် ]Où les histoires vivent. Découvrez maintenant