30 (Ending)

320 35 4
                                    

30

ဘယ်နေရာကစပြီး မှားယွင်းခဲ့တာပဲဖြစ်ပါစေ အမှားကို အမှားအအတိုင်းဆက်ထားခွင့် မပြုတော့မယ့်ယုံကြည်ချက်တွေအတိုင်း Baekhyun က ပိတ်သိမ်းပြီးသားအမှူတွဲကို တစ်ကနေပြန်ပြီးစွဲချက်တင်တယ်။

ဒီတစ်ခါ စမိတဲ့လမ်းကို ဘာအကြောင်းနဲ့ဖြစ်ဖြစ် ဆုံးအောင်လျှောက်မယ်လို့  ကြွေးကြော်ပစ်လိုက်တဲ့အခါ ချစ်ရတဲ့ကောင်ငယ်လေးကက အနားမှာယဥ်တွဲလျှက် အေးအတူပူအမျှတဲ့။
ချစ်ခြင်းမေတ္တာ အဓွန့်ရှည်ပါစေ။
မတရားသောအမှုတိုင်း နောင်သံသရာအထိ ဝေးပါစေ လို့သာ တောင်းဆုပြုမိတယ်။
ထိုအမျိုးသားငယ်ရဲ့  မျက်နှာဟာ သံသရာထက်ကို ပိုကြည်လင်တယ်။

အောင်မြင်နေပြီးချိန်မှ ရိုက်ချိုးလိုက်ရတဲ့ ​ခြေထောက်က ပိုပြီးအကျနာနေတတ်တယ်။သူရိုက်ချပစ်လိုက်တဲ့ ခုံဟာ ပိုပြီးမြင့်ပုံရပါတယ်။ Young Woo က ချက်ခြင်း သူ့ကိုလာရှာခဲ့တယ်။

Byun ညီအစ်ကိုတွေရဲ့ ဇွဲကို အထင်သေးတဲ့ Young Group ကို Baekhyun အစ်ကိုရဲ့  ကျေးဇူးနဲ့ စွဲချက်ပြန်တင်နိုင်ခဲ့တယ်။

တရားရင်ဆိုင်ကြတဲ့အခါ လွန်ခဲ့တဲ့ ၇ နှစ်ကအမှုဟာ လူအများစပ်စုလို့ကောင်းတဲ့ ပုံပြင်တစ်ပုဒ်လို သတင်းသမားတွေ အုတ်အော်သောင်းနင်း။ 

Omma ကတော့ အရင်အချိန်တွေအတိုင်း အရာအားလုံးပြီးဆုံးသွားရင် တယောပြန်တီးစေချင်ကြောင်းကိုပဲ တဖွဖွပြောနေတုန်းပါပဲ။

ဒီလိုနဲ့ တစ်ပတ်ပြီးတစ်ပတ်
တစ်ရက်ပြီးတစ်ရက်
ထယ်ဟာရဲ့ ဖွင့်ဆိုချက်ဟာ တရားရုံးအတွက် အသုံးအဝင်ဆုံး လက်နက်ဖြစ်ခဲ့ပြီး Hyung ရဲ့ကျေးဇူးနဲ့ Young Group ရဲ့ အခွန်ငွေအလွဲသုံးစားမှုတွေသာမက အတွင်းလူအချင်းချင်းပြိုင်ဆိုင်မှုတွေကနေ Baekhyun တို့ ရခဲ့တာ  အကျိုးအမြတ်တွေကြီး။

၃ လနီးပါ ရက်လကြာရှည်ပြီးတဲ့နောက်မှာ

"Young  Group  ရဲ့ သားနှစ်ယောက်ဟာ လူသတ်ရန်ကြိုးစားမှု
အမှုဖျောက်ဖျက်မှု
ရန်ပုံငွေလိမ်လည်မှု
အခွန်ရှောင်မှုတွေနဲ့ ဒီနေ့ Soul တရားရုံးမှာ အပစ်ဒဏ်ချမှတ်လိုက်ပါတယ်"

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now