20

217 32 0
                                    

20

လွန်ခဲ့တဲ့ နှစ်တွေဆီပြန်ကြည့်လိုက်ရင် Chanyeol ပြေးထွက်ခဲ့တဲ့ နှစ်အပိုင်းအခြားတွေဟာ Hyung ဆိုတဲ့ နယ်မြေတစ်ခုဆီကိုသာဖြစ်တယ်။

အမှတ်မထင် ကြားလိုက်ရတဲ့ နာမည်တစ်ခုကြောင့် Chanyeol ရဲ့ အထက်တန်းကျောင်းသား ဘဝတစ်လျှောက်ဟာ ပျင်းစရာတွေ နည်းသွားတယ်။

နာမည်က
"Baekhyun Byun"

*နာမည်ကြီးတယောပညာရှင်*

*အတူ ပွဲဦးထွက်တဲ့ တယောပညာရှင်တစ်ယောက်ရဲ့ ပြောကြားချက်အရ နိုင်ငံကျော် တယောပညာရှင် B ဟာ ကျောင်းတွင်း အနိုင်ကျင့်မှု ရှိဟု သတင်းထွက်ပေါ်လာ*

"အမေရိကန် ပြည်ထောင်စုမှ တစ်သက်သာ တယောပညာရှင် ဘွဲ့ ပြန်လည်ရုပ်သိမ်း"

*တယောလောကမှ ပျောက်ကွယ်သွားသော နာမည်ကြီး အနုပညာရှင်တစ်ယောက်*

စသဖြင့် စသဖြင့်

Chanyeol ရဲ့ နေ့စဥ်ဘဝဟာ စူးစမ်းဖွယ်ရာ

စိတ်ဝင်စားဖွယ်ရာ

ပြီးတော့

ဖြစ်နိုင်ခြေ နည်းနည်းလေး တောင် မရှိဖွယ်ရာ အတင်းအဖျင်းတွေအောက်
ချေပပြောဆိုရင်း

တစ်ချိန်က ကိစ္စရပ်တစ်ခုရဲ့ Hate Speechတွေကို အငြင်းပွားချေပရင်း

ခရမ်းရောင် ပန်းလေးတွေကို စုဆောင်းရင်း

သူ မရင်းနှီးခဲ့တဲ့ ပုံရိပ်တွေကို ငေးမောရင်း တကယ့် Byun Baekhyun အစစ်အမှန်ရဲ့ ပုံရိပ်တွေနဲ့ အရာရာကို သိမ်းဆည်း မှတ်သားရင်း

Hyung သေးသေးလေးရဲ့ ဖောဖောသီသီအပြုံးတွေ

တိမ်းမူး နစ်မြောဖွယ်ရာ ဂီတသံတွေ

စိတ်အားထက်သန်မှုတွေ

အိမ်မက်တွေ

အနာဂတ်တွေ

ခရမ်းရောင် ပန်းတွေ ကြိုက်တာ

သခွါးသီး မကြိုက်တာ

ခြေဖျားတွေအေးနေရင် မကြိုက်တာ
ခြေအိတ်စွတ်ပြီး ပူလာတာကို သဘောမကျတာ စသော စသော အကြောင်းအရာတွေအပြင်

အင်တာဗျူးတွေ ကနေ တွေရခဲတဲ့

ငယ်ရွယ်ပျိုမျစ်မှုတွေ

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now