5

268 40 6
                                    

5

"Park Chanyeol ကြက်သားက နင်တစ်ယောက်တည်းအတွက် ကြော်ထားတယ်များ ထင်နေလား"

"မမလဲ စားနိုင်သလောက်စားပေါ့
ကျွန်တော်လဲ စားနိုင်သလောက် စားမှာပေါ့.."

"နင်တစ်ယောက်တည်း ဘယ်နှပွဲရှိနေပြီလဲ အဲ့တာကြောင့်လဲ ဒီခန္ဓာကိုယ် ဖြစ်နေတာ.."

"ဝိတ်လျော့တော့မှာပါနော်...အားအားရှိ ဝ တာပဲ လာထိခိုက်နေတယ်.."

*ဂွပ်*

မေမေ့ရဲ့ ဇွန်းခွက်နဲ့ ပန်းကန်လုံးထိသံ ကျယ်ကျယ်ထွက်လာမှ မောင်နှမနှစ်ယောက်လုံးဆီက ဆူညံတွေ တိ ခနဲ တိတ်ကျသွားတယ်။

"ရန်ဆက်ဖြစ်ကြဦးလေ ဘာလို့ရပ်သွားကြတာလဲ.."

မေမေ့အသံ ခပ်မာမာထွက်လာတော့

"စားပြီးပါပြီ အလုပ်သွားပါတော့မယ်" ဆိုပြီး လစ်ထွက်သွားလေတော့သည်။

Chanyeol မှာသာ ထသွားရအောင်လည်း ကျောင်းပိတ်ကာလဖြစ်နေတာရယ်။ ဆက်စားနေရင်လဲ မေမေယောင်းမစာ မိတော့မှာရယ် မြင်ယောင်နေတာမို့ ထိုင်ရမလဲ ထရမလို။

"သားလဲ စားပြီးပါပြီ မေမေ
Baekhyun Hyung တို့အိမ်ဘက် ခဏ သွားလိုက်ပါဦးမယ်.."

"Park Chanyeol
နင်လဲ အားအားရှိ Baekhyun တို့အိမ်ကြီး သွားနေတယ် ဟိုက အားမှန်းမသိ မအားမှန်း မသိ.."

"Hyung တစ်ယောက်တည်း ပျင်းနေမှာဆိုးလို့ပါ.."

"နင် ကျောင်းပိတ်ထဲကနေ အဲ့အိမ်ကနေ ပြန်လာတယ်ကိုမရှိဘူး
နင်အဲ့လိုသွားနေတော့ ဟိုကောင်လေးခဗျာ ရည်းစားနဲ့တောင် ချိန်းတွေ့အားမှာ မဟုတ်တော့ဘူး..."

"Hyunnie မှာ ရည်းစားရှိနေပြီလား မေမေ.."

အမေးစကားနဲ့အတူ အပြေးထွက်သွားတဲ့ခြေလှမ်းတွေနောက် အမေဖြစ်သူကတော့ နားမလည်နိုင်မှုတွေနဲ့သာ ကျန်ရစ်လို့။

Hyunnie တို့ခြံဝအရောက်မှာတော့ ခရမ်းရောင် အပင်သေးသေးလေးတွေကို Truck ကားတစ်ခုပေါ်ကနေ ကူချပေးနေတဲ့ hyunnie ကိုတွေ့လိုက်ရတယ်။

Chanyeol က ချက်ချင်းပဲ Hyunnie လက်ထဲက ပန်းပင်ပေါက်လေးတွေကို ပြောင်းယူလိုက်ပြီး သူသိချင်တာကိုပဲ မေးလိုက်တယ်။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now