3

332 46 3
                                    

3

တင်းတောင်

ကျောင်းဆင်းခေါင်းလောင်းသံကြားတာနဲ့ ကိုယ်စီ အသံလေးတွေ ကျီကျီကျာကျာ ထွက်လာတဲ့ ကျောင်းခန်းထဲမှာ ချန်းယောလ်က စားပွဲပေါ် ခေါင်းမှောက်ချလိုက်တယ်။

တစ်ဆက်တည်းမှာပဲ ဒီနေ့ စာသင်ရတာ ကြာလိုက်တာလို့ ညည်းညူနေမိတယ်။

"ချန်းယောလ် ညနေကျောင်းဆင်းရင် Basketball ကစားမှာမလား

ဟိုဘက်ကျောင်းက ကောင်တွေနဲ့ ချိန်းထားတာ.."

"ဒီညနေလား ငါမလိုက်တော့ဘူး .."

"ဟာ မင်းက ဘာဖြစ်လို့လဲ
ဟိုကောင်တွေနဲ့ မကြေပွဲနွှဲ မလို့ပါဆို.."

"ကြည့်ကြပ်လုပ်လိုက်ကွာ ငါညနေ သွားစရာရှိလို့.."

အဖော်ညှိတဲ့ သူငယ်ချင်းတွေ ထွက်သွားတော့မှ ချန်းယောလ်စားပွဲပေါ် ခေါင်းပြန်မှောက်ချလိုက်လေသည်။

အာရုံထဲမှာတော့ ညနေကျောင်းဆင်းတာနဲ့ ဟိုအစ်ကိုကြီးတို့အိမ်ဘက် သွားချောင်းဖို့ပဲ စွဲနေသည်။

အာရုံက အာရုံပေမယ့်
ဗိုက်ကလဲ ဗိုက်ပေပဲမို့ အဆာတောင်းနေတဲ့ ဗိုက်ကလေးကိုဖြည့်ဖို့ ကန်တင်းဆီ ထထွက်လာလိုက်သည်။

ဘယ်လောက်စားစား ၁ နာရီလောက်နေရင် အလိုလိုပြန်ဆာလာတဲ့ ဗိုက်ကြောင့် ချန်းယောလ် ဖောင်းဖောင်းလေးဖြစ်နေတဲ့ မိမိခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်။

ရင်ဘတ်က ကြယ်သီးလေးတွေ တင်းနေကာ ခပ်ကြပ်ကြပ်ဖြစ်နေတဲ့ ကျောင်းအင်္ကျီရယ် ဗိုက်နားဆီက ဆူထွက်နေတဲ့ အစာအိမ်ရယ်

မြင်ယောင်မိတဲ့ မျက်နှာလှလှလေးမှာ ကျစ်လစ်တဲ့ ရင်အုပ်ကျယ်ကြီးနဲ့ အဆီပိုမရှိတဲ့ ကိုယ်ခန္ဓာ...

"ဟူးးးးး
ငါလဲ အဲ့ အစ်ကိုကြီးလို မိုက်တဲ့ Body ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ.."

ညည်းသာ ညည်းညူလိုက်ခြင်းဖြစ်ပေမယ့် ပါးစပ်ထဲထည့်နေတဲ့ အသားတုံးတွေကတော့ ပါးစပ်ထဲ အပြည့်အမောက်ထည့်နေလျှက်နဲ့ပင်။

ငါလေးလဲ ပိန်ချင်တယ်..
ပိန်ချင်တယ်ပြောရင်း အစားစားရင် နည်းနည်းလောက်တော့ ဘုရားသခင်က ဝိတ်ကျပေးကောင်းပါရဲ့...

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now