12

291 43 1
                                    

12

"Baekhyun"

ချက်ချင်းကွာသွားတဲ့လူနှစ်ယောက်ရယ်
လက်ထဲမှာကိုင်ထားတဲ့ စက္ကူအိတ်ကလေးပြုတ်ကျသွားတဲ့ အစ်မတစ်ယောက်ရယ်။

Baekhyun - "Nuna"

Nuna - "ဒါက ဒါက"

"မဟုတ်ဘူး Nuna
မဟုတ်ဘူး အဲ့လိုမဟုတ်ဘူးနော်.."

"Nae ဟုတ်ပါတယ်
ကျွန်တော် Hyung ကို သဘောကျပါတယ်"

Hyung ရဲ့ ဖြေရှင်းသံနောက်ကနေ တစ်ဆက်တည်း Chanyeol ရဲ့ အယူခံစကားဟာ ထွက်ပေါ်လာတယ်။

Hyung ရဲ့ ဘာလဲဆိုတဲ့ မျက်မှောင်ကြုတ်ကြည့်လာပုံရယ်။
ဝင်လာတဲ့ အစ်မရဲ့ ပါးစပ်ကို လက်နဲ့ အတင်းဖိအုပ်လိုက်ပုံရယ်က တစ်ချိန်တည်းမှာ ဖြစ်ပျက်သွားတယ်။

အဲ့ဒ်ီအဖြစ်အပျက်အပြီးမှာတော့
စားပွဲရဲ့ရှေ့မှာ တရားခံစစ်သလို ကြည့်နေတဲ့ Nuna ရယ်
တရားခံတွေလို ငြိမ်ငြိမ်လေးထိုင်နေတဲ့ Chanyeol နဲ့ Baekhyun ရယ်။

"ပြော ခုနက မြင်လိုက်တာက ဘာလဲ.."

Baekhyun - အထင်မှားတာ

Chanyeol - Hyung ကို သဘောကျနေတာပါ

တစ်ပြိုင်တည်းထွက်လာသံနဲ့အတူ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ပြိုင်တူကြည့်မိကြပြန်သည်။

တကယ်ပဲ Chanyeol က ဘာဖြစ်ချင်နေတာလဲ။ ဘာလို့ ဒါကိုပဲ ထပ်ခါထပ်ခါ ပြောနေရတာလဲ တကယ်ကို ရှက်စရာကောင်းအောင်။
ကလေးတစ်ယောက်ဆီက ဒီလိုမျိုးပြောခံရတာက ကိုယ့်မရီးရှေ့မှာတဲ့လား။ Baekhyun ရှက်လွန်းလို့ ခေါင်းကိုဖြုတ်ပြီး သိမ်းထားချင်လိုက်တဲ့ အထိ။

"ခဏလေး ဘယ်သူအရင်ပြောမှာလဲ "

Chanyeol - ကျွန်တော်
Baekhyun - ကျွန်တော်

"မင်းတို့နှစ်ယောက် ကလေးတွေလား တစ်ယောက်ပဲပြော"

Baekhyun - ကျွန်တော်
Chanyeol - ကျွန်တော်

"ဟားး တကယ်ပဲ
တော်ပြီ
ဟိုကောင်လေး နာမည်က ဘာလဲ"

"Chanyeol
Park Chanyeol ပါ ခင်ဗျ"

"အင်း Chanyeol အရင်ပြော.."

"Nae.."

" နာမည် - Park Chanyeol ပါခင်ဗျ
Hyung ကို ဝန်ခံထားတာ သုံးနှစ်ရှိပါပြီ
Hyung ကတော့ ခုထိ ဘာမှ ပြန်မပြောသေးပေမယ့်
ကျွန်တော်က Hyung ကို ရအောင်လိုက်မှာပါ
အဲ့တာကြောင့်မို့ Nuna က ဘာတော်တာလဲတော့ မသိပေမယ့် Hyung ကတော့ ကျွန်တော်လိုက်နေတဲ့ ချစ်ရတဲ့ အစ်ကိုကြီးပါ ခင်ဗျ

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now