24

221 32 4
                                    

24

"Hyung

ဒေါက် ဒေါက် ဒေါက်..

Hyung ထတော့လေ.."

Hyung ရဲ့ တံခါးကို လာခေါက်တာ သုံးခေါက်မြောက်ရှိနေပြီဖြစ်ပေမယ့် ထမလာသေးတဲ့ Hyung က မနက်ခင်းဆို Chanyeol ရောက်လာတည်းက နှိုးရခက်သည်။

မနက်စာပြင်ပြီးတဲ့အထိ မထလာတဲ့အခါ chanyeol က အခန်းတံခါးလေးကို ကျူးကျော်ဝင်ရောက်ရတော့တယ်။

"Hyung.."

"အင်း ထပြီ.."

အိပ်ရာထဲ လူးလှိမ့်လို့ အပျင်းတစ်နေပုံကအစ ချစ်စရာလို့မြင်နေရတဲ့ Chanyeolကပဲရူးတာလား Hyung ကပဲ ချစ်ခံရဖို့ထိုက်တန်လွန်းလေသလား။

"ထခဲ့တော့နော် မနက်စာပြင်ပြီးပြီ
ကျွန်တော်လည်း အဝတ်လဲလိုက်ဦးမယ်.."

"အွန်း.."

ကိုယ့်အခန်းဆီပြန်းပြေးရ
အဝတ်လဲရ
စာအုပ်စာတန်းတွေ စစ်ရနဲ့ Chanyeol ထမင်းစားပွဲဆီရောက်တဲ့အခါ Hyung က ထိုင်နှင့်နေပြီ။
သို့ပေမယ့် ညဝတ်အင်္ကျီဝတ်ထားလျှက်အတိုင်း မျက်နှာပဲသစ်ထားတာ သိသိသာသာ ဖောင်းအစ်နေတဲ့ မျက်နှာလေးနဲ့။

"ကော်ဖီ.."

အခုမှ ဖျော်လာတဲ့ကော်ဖီပန်းကန်လေးချပေးပြီးမှ မနက်စာကို အတူစားကြတယ်။ ပြီးတာနဲ့ Hyung က Centre သွားဖို့ ပြင်ဆင်တဲ့အချိန် Chanyeol က အရင်ကျောင်းသွားနှင့်တယ်။ ဇာတ်ဝင်ခန်းတွေထဲကလို အလုပ်သွားချိန်ဟာ ထပ်တူကျမနေခဲ့ပါဘူး။ဒါပေမယ့်လည်း အတူရှိရတဲ့ အချိန်ခဏလေးတွေဆီမှာ Chanyeol က တပွေ့တစ်ပိုက်ကြီး ပျော်မွေ့ပါတယ်။

အသွားမတူပေမယ့်လည်း Chanyeol အတန်းပြီးချိန်တိုင်း ကျောင်းရှေ့ရောက်နေတတ်တဲ့ ကားလေးကြောင့် Chanyeol က Sugar Daddy များရထားတာလားလို့ တွေးမိသေးတယ်။
အဲ့ဒီ Hyung သေးသေးလေးက တကယ်ကို မိမိုက်လွန်းတာမို့ သဘောကျတာကတစ်ဖက် အူတိုရတာက တစ်ဖက်နဲ့ ကျောင်းဆင်းချိန်တွေဆို ဗျာများရတော့တယ်။

အခုလဲကြည့်
မဲနက်နေတဲ့ ကားအမဲကြီးပေါ်မှာ အဖြူရောင် စွေးနေတဲ့အမျိုးသား ခြေကလိမ်ခွပ်လို့ ရပ်နေပုံက အမျိုးသမီးလေးတွေ မျက်စိကစရာ သိပ်ကောင်းနေမှာ သိသိရက်နဲ့...
ဘယ်ကိုမှ မကြည့်နေပဲနဲ့တောင် ထည်ဝါနေတဲ့ ပုံစံက ဒီကာလတွေမှာ အမြဲကျက်ရတဲ့ပုစ္ဆာအသစ်တွေပါပဲ။

ဖုန်းScreen ကို အာရုံစိုက်နေတဲ့ မျက်တောင်လေးတွေ မှေးစင်းနေတာကလည်း ဆွဲဆောင်မှု တစ်မျိုးပါလားဆိုတာကိုလည်း Hyung က သင်ပေးတယ်။ Chanyeol ပုစ္ဆာတွေထဲမယ် Hyung တစ်ဘဝစာ အဖြေရှာရမယ့် ပုစ္ဆာဖြစ်ပါတယ်။

"Hyung.."

"အာ Chanyeol..အတန်းပြီးပြီလား.."

"အင်း စောင့်နေတာကြာပြီလား.."

"ခုနလေးကမှ တက်.."

ငြိမ့်ညောင်းစွာမောင်းနှင်လာတဲ့ ကားလေးမှာ Radio သံငြိမ့်ငြိမ့်လေး လွင့်ပျံနေတယ်။ ဒီအတိုင်း ပြတင်းပေါက်က လေတွေကို တစ်ဝကြီးရှုရှိုက်ရင်း လမ်းတစ်လျှောက်ဟာ အေးချမ်းစွာ။

"တစ်နေရာရာဝင်ချင်သေးလား.."

အဲ့လိုနဲ့ သူတို့ရောက်လာကြတာ supermarket တစ်ခုဆီကိုဖြစ်တယ်။

အသားကြိုက်တဲ့ Chanyeol ကြောင့် Hyung က အသားတွေဝယ်နေတာ မနည်းမနော။ Chanyeol ကတော့ လွတ်နေတဲ့ ရေခဲသေတ္တာကိုဖြည့်ဖို့ လုံးပန်းရတယ်။

"အသားတွေ တော်ပြီ.."

တစ်ထုပ်ပြီးတစ်ထုပ်
တစ်မျိုးပြီးတစ်မျိုး ထည့်နေတဲ့ Hyung လက်ကလေးကို ဆုပ်ကိုင်ထားလိုက်မှ စိတ်ကြိုက်ထည့်နေတာတွေ ပြန်နှုတ်ရတဲ့ ကိစ္စတစ်ခုအေးသွားတယ်။

အထုပ်တွေသယ်လို့ အပြင်ရောက်တဲ့ Hyung လက်ကလေးကို တမင်တကာမလွှတ်ပေးတဲ့အခါ မသိမသာလေး ရုန်းကန်လာတယ်။

"ဘာလို့လဲ.."

"လူတွေ ကြည့်နေတယ်.."

"ကြည့်ပါစေ.."

Hyung နှုတ်ခမ်းလေးပြုံးရောင်သမ်းသွားတယ်..

လေပြေအေးအေးလေးတွေ စတင်ချဥ်းနှင်းတိုက်ခတ်နေတဲ့ နွေဦးညလေးဟာ သိပ်ကို ကြည်နူးစရာ​ကောင်းတယ်။ လူထူထပ်တဲ့ ညဘက်လမ်းပေါ်မှာ သူသူငါငါလို Hyung လက်ကို မလွှတ်တမ်းကိုင်ခွင့်ရတာလည်း နှစ်မြို့စရာပါပဲ။

ဒီအတိုင်းဘာစကားမှ မပြောပဲ ပြီးပြည့်စုံတယ်လို့ ခံစားမိတဲ့အထိ Hyung က တတ်နိုင်တယ်။

"Byun Baekhyun..."

မဝံ့မရဲ
မသေမချာ ခေါ်ကြည့်လိုက်တဲ့ အသံတစ်ခု..
Hyung လက်ဖျားလေး အနည်းငယ်တုန်ယင်သွားသလိုပဲ။
သူပဲစိတ်ထင်လို့များလား။

မယုံကြည်နိုင်တဲ့ Hyung မျက်ဝန်းတွေက ဆောက်တည်ရာမရစွာ အံ့သြပြူးကျယ်သွားသလို။
အသံပိုင်ရှင်က ထပ်တူ မယုံနိုင်မှုများစွာနဲ့။

လှုပ်ခတ်ရုန်းလိုက်တဲ့ Chanyeol လက်ထဲက Hyung လက်ကလေး လွတ်ထွက်သွားချိန်မှာ Hyung က ချက်ချင်းဆိုသလို လက်ကို နောက်ကို ပို့ပစ်လိုက်တယ်။
ဘာလို့များပါလဲ..
အသံပိုင်ရှင်ကရော ဘယ်သူမို့လို့များလဲ..

#Heki
14.1.24

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedWhere stories live. Discover now