15

300 37 4
                                    

15

လက်မှတ်ဖြတ်ပြီးတဲ့အခါ ပေါက််ပေါက်တွေ ကိုလာတွေတစ်ပွေ့ကြီးဝယ်လို့ ရုပ်ရှင်ရုံထဲ ဝင်လာကြတယ်။ တစ်ပွေ့တစ်ပိုက်ကြီးဟာ Chanyeol လက်ထဲမှာသာ ပြည့်လျှံနေတာဖြစ်ပြီး Baekhyun လက်ထဲမှာတော့ လက်မှတ်လေးနှစ်ဆောင်သာ ရှိတယ်။

လူတွေစုံနေပြီဖြစ်တဲ့ ရုံထဲမှာ မှောင်နေတာမို့ မနည်း တိုးတိုက်ဝင်လာရတယ်။   နေရာကို ရှာတွေ့ဖို့ ကြိုးစားအပြီးမှာတော့ ပိတ်ကားပေါ်မှာ ဇာတ်လမ်းက စတင်လှုပ်ရှားနေပြီးနေပြီ။

ရုပ်ရှင်ကြည့်ဖို့ ခေါ်လာသူက Chanyeol ဖြစ်ပေမယ့် ရုပ်ရှင်ကို စိတ်ပါဝင်စားစွာ ကြည့်တဲ့သူကတော့ Baekhyun ပဲဖြစ်တယိ။ Chanyeol ကတော့ ဘေးတိုက်မြင်နေရတဲ့ Hyung မျက်နှာလေးကို ခိုးခိုးကြည့်ရင်း ၃ နာရီနီးပါး အချိန်ကုန်သွားခဲ့တယ်။ ရုပ်ရှင်ကြည့်ရင် ငိုတ​ဲ့သူတွေကို အရင်က တကယ်နားမလည်ပေမယ့် အခု Chanyeol ဘေးက Hyung က ငိုနေတ​ဲ့အခါ Chanyeol ပျာပျာသလဲဖြစ်သွားတယ်။

"Hyung အဆင်ပြေရဲ့လား"

"အင်း သူ သနားပါတယ်.. Chanyeol"

ပိတ်ကားပေါ်က အမျိုးသမီးကို မေးငေါ့လို့ နှာခေါင်းလေးရှုံ့နေတာကို Chanyeol မှာ အနေရခက်နေတယ်။
Hyung က တကယ်ကို နားလည်ရခက်တယ်။

ရုပ်ရှင်ပြီးသွားတဲ့အခါ တော်တော်နဲ့ မထဖြစ်ကြပဲ လူတွေ အားလုံးကုန်ပြီဆိုမှ Chanyeol တို့ထွက်ခဲ့ကြတယ်။ ဒါကလဲ Hyung စိတ်ကူးပါပဲ။ လင်းသွားတဲ့ ရုပ်ရှင်ရုံထဲမှာ နေကြာစေ့အခွံတွေ ဖျော်ရည်ဘူးခွံတွေ ပွစာကြဲနေတယ်။ လူမရှိတော့တဲ့ ရုပ်ရှင်ရုံဟာ ကြီးမားကျယ်ပြန့်လွန်းတယ်။

ရုပ်ရှင်က အပြန်လမ်းတစ်လျှောက်မှာ Chanyeol ရဲ့ ဂျီကျမှုနဲ့အတူ ရောက်လာတာ ညဘက်စျေးလေးတစ်ခုကိုဖြစ်တယ်။ ခေါင်းတပ်တဲ့ စကုပ်လေးတွေ တစ်ခုပြီးတစ်ခုတပ်ကြည့်ရင်း ရယ်မောနေတဲ့ Chanyeol အပေါ် Hyung သေးသေးရဲ့ မြတ်နိုးမှုအရိပ်အရောင်တွေကို ဘေးလူတွေက အတိုင်းသားမြင်နေရတယ်။

အနီရောင်ဦးဂျိုပါတဲ့ စကုပ်လေးကို Hyung ကို တပ်ပေးပြီး Chanyeol က ဓာတ်ပုံတွေကိုလဲ တဖျက်ဖျက်ရိုက်ယူနေသေးတာ မမေ့မလျော့။ ပြုံးရယ်နေတဲ့သူနှစ်ယောက်။ ဘီးကုပ်တပ်ထားသူနှစ်ယောက်။ လမ်းဘေးမုန့်ဆိုင်လေးတွေမှာ စုံနေအောင် မုန့်လျောက်စားနေကြတဲ့ ကောင်လေးနှစ်ယောက်။ အရပ်ရှည်ရှည် ခန္ဓာကိုယ်တောင့်တောင့်ကောင်လေးရယ် အရပ်ပုပု ဖြူဖြူသေးသေးကောင်လေးတစ်ယောက်ရယ်ဟာ အဲ့ဒီညစျေးလေးရဲ့ လမ်းမတွေပေါ်မှာ လူတိုင်းသတိထား ကြည့်မိရလောက်အောင် အပျော်တွေ စီးဝင်လှုပ်ရှားနေတယ်။

ခရမ်းနုရောင် ရပ်ဝန်း (Soft Purple land)CompletedHikayelerin yaşadığı yer. Şimdi keşfedin